စိတ်ဝင်စားစရာ ကင်မရာနဲ့ ဈေးသင့်လှတဲ့ ဖုန်း

Samsung ထုတ် 64MP RGBW Sensor ကို ပထမဆုံး သုံးထားတဲ့ Tecno ဖုန်းကို မိတ်ဆက်လာပြီ ဖြစ်ပါတယ်။

Bezel ဆိုဒ်၀.၉၈ မီလီပဲ ရှိပြီး စမတ်ဖုန်းတွေထဲမှာ အပါးဆုံး Bezel သုံး ဖုန်းလို့ ကြေညာထားတဲ့ ဒီဖုန်းဟာ သပ်ရပ်တဲ့ လေးထောင့်စပ်စပ်ဘောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ ကျောဘက်ဒီဇိုင်း သုံးပြီး တည်ဆောက်ထားတာပါ။ မှန်ပြင်အပေါ်အလယ်တည့်တည့်မှာ Punch Hole ကင်မရာပေါက် ပါပြီး ကျောဘက်မှာ စိန်မှုန်လေးတွေလို တလက်လက် တောက်ပနေမယ့် Diamond Coating ဒီဇိုင်း ထုတ်ထားပါတယ်။ 





Tecno Camon 19 Pro ဟာ ၆.၈ လက်မ Display ၊ FHD+ Resolution နဲ့ လာပြီး 120Hz Refresh Rate သုံးထားပါတယ်။ ကျောဘက်ကင်မရာတွေဟာ အဝိုင်းကွင်းနှစ်ကွင်းထဲမှာ ရှိပြီး စုစုပေါင်း ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ ကင်မရာနည်းပညာဟာ ဒီဖုန်းရဲ့ ဆွဲဆောင်မှုရှိတဲ့ Feature တစ်ခုလို့ ဆိုနိုင်ပါတယ်။ Camon 19 Pro ဟာ အနီ အစိမ်း အဖြူ အပြာ ကာလာ Filter ပါတဲ့ 64MP ISOCELL RGWB Sensor ကို ပထမဆုံး သုံးလာတဲ့ ဖုန်း ဖြစ်ပြီး Night Photo တွေမှာ ရုပ်ထွက်ပိုကောင်းဖို့ အလင်းကို ၃၀% ပိုဝင်အောင် စီမံထားတယ်လို့လည်း ဆိုပါတယ်။ 

ကျန်တဲ့ ကင်မရာတွေကတော့ Portrait Shots အတွက် 2x Optical Zoom ဆွဲနိုင်မယ့် 50MP Sensor နဲ့ 2MP Depth Sensor တို့ ဖြစ်ပြီး HDR Support ၊ OIS/EIS ရုပ်ငြိမ်စနစ်တွေနဲ့ သီးသန့် Night Mode တစ်ခုပါ ထည့်ပေးထားပါတယ်။ Processor အနေနဲ့ Helio G96 Chipset နဲ့ လာပြီး ဘက်ထရီပါဝါ 5000mAh အားဟာ 33W Fast Charging Support နဲ့ထွက်ထားပါတယ်။ 

Eco Black နဲ့ Polar Blue ကာလာ နှစ်ရောင်နဲ့ လာပြီး RAM 8GB/256GB ဗားရှင်းကို ကင်ညာသျှီလင် ၂၄၄၉၉ (မြန်မာငွေ ၄ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က