သရုပ်ဆောင် နိုင်းနိုင်းကတော့ သူရဲ့ အားလပ်ရက်လေးတွေမှာ မိသားစုတွေဆီ အမြဲတမ်း ပြန်တတ်သူပါ။ အခုလည်း ကလေးတွေ ရှိတဲ့ အမေရိကသို့ အပြေးပြန်သွားခဲ့ပါပြီ။
Photo : နိုင်းနိုင်း
နိုင်းနိုင်းက အမေရိကမှာ ရှိတဲ့ မိသားစုဆီ ရောက်ရှိနေပါပြီ။ ဒီဇင်ဘာပိတ်ရက်လေးမှာ ကလေးတွေနဲ့အတူ ရှိဖို့အတွက် မိသားစုရှိရာသို့ ပြန်ခဲ့တာပါ။ နိုင်းနိုင်းပြန်အလာကိုလည်း ကလေးတွေက လေဆိပ်မှာ လာကြိုနေကြပါတယ်။
“လာကြိုသော ရဲဘော်များနှင့် ရောက်ရောက်ချင်း ကစားကွင်းတန်းသွားပြီး..ဆော့ပလိုက်တယ်ရဲဘော်များနှင့် Live လွှင့်ပါဦးမည်” ဆိုပြီး ဒီဇင်ဘာ(၂၇) ရက်နေ့က နိုင်းနိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : နိုင်းနိုင်း
နိုင်းနိုင်းက အခုနောက်ပိုင်း ကလေးတွေနဲ့ ပိုပြီး ရင်းနှီးလာတယ်လို့ ဆိုပါတယ်။
‘’ ကလေးတွေနဲ့လည်း ပိုရင်းနှီးလာတယ်။ သူတို့တွေနဲ့လည်း Close ဖြစ်တယ်ဆိုတာ သူတို့နဲ့ Level တူပေါင်းလိုက်တဲ့ သဘောပေါ့နော်။ အဲဒီအခါကျတော့ ကလေးတွေက ကိုယ့်အပေါ် ပွင့်ပွင့်လင်းလင်းရှိလာတယ်။ အကုန်လုံးလည်းတိုင်ပင်တယ်၊ အတူတူဆော့ အတူတူစားကြတဲ့ အခါကျတော့ သူတို့ဖြစ်ချင်တာလေးတွေ၊ သွားချင်တာလေးတွေ ပြောပြတော့ အရမ်းကို Close ဖြစ်သွားတယ်ပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၇ ရက်နေ့ ညက ‘’ ကမ္ဘာနှစ်ထပ်’’ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo : နိုင်းနိုင်း
နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီး ၃ ယောက်၊ သားတစ်ယောက် တို့ရဲ့ ဖေဖေ ဖြစ်လို့နေပါပြီ။ နိုင်းနိုင်းဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ် နဲ့ သတင်းစာ မျက်နှာဖုံးတွေကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။