မိုးယုစံက သားလေးအတွက် အကျႌတွေကို ကိုယ်တိုင် ချုပ်ပေးချင်လို့ ဒီဇိုင်နာ သင်တန်းကို တက်နေပါတယ်။ သင်တန်းမှာ အာရုံစူးစိုက်မှု အပြည့်နဲ့ ပညာသင်ယူနေတဲ့ မိုးယုက သားလေးအတွက် ဘယ်လို အကျႌလေးတွေ ချုပ်ပေးဖြစ်မလဲဆိုတာ စိတ်ဝင်စားဖိုု့ ကောင်းနေပါပြီ။
သရုပ်ဆောင် မိုးယုစံက သားလေးကို စောင့်ရှောက်ရင်း လိုအပ်တဲ့ ပညာရပ်တစ်ခုကိုလည်း သင်ယူနေပါတယ်။ သားလေးရဲ့ အချိန်ထဲကနေ့ ဖဲ့ပြီး ဒီဇိုင်နာ မေမြတ်ဝါဆိုဆီမှာ ဒီဇိုင်နာ သင်တန်းတက်နေတာ ဖြစ်ပါတယ်။ သားလေးအတွက် အကျႌလေးတွေ ကိုယ်တိုင်ချုပ်ပေးချင်လို့ ယခုလို သင်ယူနေတာ ဖြစ်တယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားတာ တွေ့ရပါတယ်။
"တတ်သင့်တဲ့ပညာရပ်တခုမို့ သားသားရဲ့အချိန်ထဲကဖဲ့ပြီးတော့ သင်နေတာပါ သားသားတွက်ရော မေမေတွေတွက်ပါချုပ်ပေးချင်လို့ (စိတ်ကူးကြည့်တာပေါ့)" ဆိုပြီး ဇူလိုင် (၆) ရက်နေ့က မိုးယုစံရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။
မိုးယုဟာ သင်တန်းမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ ပညာသင်ယူနေတာကို တွေ့ရပါတယ်။ သားလေးအတွက် ဘယ်လိုအကျႌလေးတွေ ချုပ်ပေးဖြစ် မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီနော်။ သားလေးကို စောင့်ရှောက်ရင်းနဲ့ ဒီဇိုင်နာ သင်တန်းကို တက်နေတဲ့ သူမကို ကြည့်ပြီး ပရိသတ်တွေက အားကျနေကြပါတယ်။
မိုးယုစံဟာ သူမဝါသနာပါရာ အလုပ်လေးတွေကို သင်ယူနေသလို အလှူအတန်းတွေကိုလည်း အမြဲဆိုသလို လုပ်ဖြစ်နေသူတစ်ဦးပါ။ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ပရိသတ်တွေနဲ့ အမြဲတမ်း စကားပြောဖြစ်ပြီး သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေသိအောင် ပြောပြဖြစ်နေသူ လည်း ဖြစ်ပါတယ်။
မိုးယုစံတို့ မိသားစုလေးက တစ်ကယ့်ကို သာယာလွန်းလှပါတယ်။ သူတို့ရဲ့ ရင်သွေးလေးဖြစ်တဲ့ သားလေး Austin ကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလေးပါ။ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့ တာ ဖြစ်ပြီး သားလေးကို ၂၀၁၇ခုနှစ် သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူဆိုပြီး ပေးထားတဲ့ သားလေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။
မိုးယုစံကတော့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့ တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုး ယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။