ဒကလန်ရိုက်စ်က အသင်းပြောင်းဖို့ သေချာနေပါပြီ။

အင်္ဂလန်နဲ့ ပရီးမီးယားလိဂ် ဝါရင့် ဂိုးသမားဟောင်းကြီး ဒေးဗစ်ဂျိမ်းစ်က လက်ရှိမှာ အပြောင်းအရွှေ့ သတင်းတွေထွက်ပေါ်နေတဲ့ ဒကလန်ရိုက်စ်အနေနဲ့ အာဆင်နယ်ထက် မန်စီးတီးကိုသာ ရွေးချယ်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူအတွက် လက်ရှိမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ အပြိုင် ကမ်းလှမ်းနေကြပါတယ်။



ဝက်စ်ဟမ်းဘက်ကတော့ ဒကလန်ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၁၀၀) အထိ သတ်မှတ်ထားပြီး ကစားသမားကိုယ်တိုင်က မန်စီးတီးထက် အာဆင်နယ်ကို ပိုမို ပြောင်းရွှေ့လိုနေကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။ ဒကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်အဖြစ်နဲ့ ယူရိုပါကွန်ဖရင့်လိဂ်ကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒေးဗစ်ဂျိမ်းစ်ကတော့ “ဒကလန်ရိုက်စ်က ဘာကြောင့်များ အာဆင်နယ်အတွက် ကစားပေးချင်နေရတာလဲ? တစ်ဖက်က မန်စီးတီးက ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ချန်ပီယံပါ။ အာဆင်နယ်ကတော့ ဘာဖလားမှကို မရခဲ့တာပါ။ ကျွန်တော်ကတော့ သူ့ကို ပြည်ပ ပိုထွက်ကစားစေချင်တာပါ။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ ဝက်စ်ဟမ်းကို ပြန်အနိုင်ယူမယ့် အသင်းမှာ ကစားချင်မှာ မဟုတ်လို့ပါ’

“နောက်ပြီး ဝက်စ်ဟမ်းပရိသတ်တွေကလည်း ဒါကို နှစ်သက်နိုင်မှာ မဟုတ်ပါဘူး။ ဒကလန်ရိုက်စ်က ထိပ်တန်းအဆင့်ဖြစ်ပြီး မန်စီးတီးကလည်း ဥရောပမှာ အကောင်းဆုံးပါ။ တကယ်လို့ သူတို့သာ ကလပ်ကမ္ဘာ့ဖလားကို ထပ်ရခဲ့မယ်ဆိုရင် လာမယ့်လအနည်းငယ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”

“ဒကလန်ရိုက်စ်သာ မန်စီးတီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ဒါက သူနဲ့ ထိုက်တန်လို့ပါပဲ။ သူ့အတွက် အကောင်းဆုံးတွေပဲ ဖြစ်လာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဝက်စ်ဟမ်းကတော့ ဒကလန်ရိုက်စ်အတွက် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချထားပြီး လက်ရှိမှာ မန်စီးတီးလည်း ဒီအပြောင်းအရွှေ့မှာ ပါဝင်လာခဲ့တာကြောင့် ကစားသမားရဲ့အနာဂတ်က စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါပြီ။ 

Share

Loading Next Article...
က္က