ဒန်နီရယ်ဂျိမ်းစ်ကို မော်တာတပ်စက်ဘီးတစ်စီးလို့လည်း တင်စားပြောဆိုခဲ့ပြီး ဟန်ဂေရီနောက်တန်းအတွက် အန္တရာယ်ကြီးမားတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့လည်း ရော့စီက ပြောခဲ့ပါတယ်။
ယူရို ၂၀၂၀ ခြေစစ်ပွဲရဲ့ အဆုံးအဖြတ်ပွဲအဖြစ် ဝေးလ်အသင်းနဲ့ ကစားရမယ့်ပွဲမတိုင်ခင်မှာ ဟန်ဂေရီအသင်းနည်းပြမာကိုရော့စီက ပြိုင်ဘက်အသင်းကစားသမား ဒန်နီရယ်ဂျိမ်းစ်အပေါ် ချီးကျူးသွားခဲ့ပါတယ်။ ရော့စီက ဒန်နီရယ်ဂျိမ်းစ်ရဲ့ လျင်မြန်မှုကို အသိအမှတ်ပြုပြောဆိုခဲ့ပြီး ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီနဲ့လည်း ခိုင်းနှိုင်းသွားခဲ့ပါတယ်။
ခြေစစ်ပွဲအောင်မြင်ဖို့ အဆုံးအဖြတ်ပွဲစဉ်လည်းဖြစ်ပြီး ဒန်နီရယ်ဂျိမ်းစ်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းအပေါ်မှာ ရော့စီက စိုးရိမ်နေပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ကို မော်တာတပ်စက်ဘီးတစ်စီးလို့လည်း တင်စားပြောဆိုခဲ့ပြီး ဟန်ဂေရီနောက်တန်းအတွက် အန္တရာယ်ကြီးမားတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့လည်း ရော့စီက ပြောခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။
"ဒန်နီရယ်ဂျိမ်းစ်က မော်တာစက်ဘီးတစ်စီးလိုပါပဲ၊ ဘာလို့လဲဆိုတော့ အရမ်းကိုလျင်မြန်လို့ပါ၊ ကျွန်တော် အရင်တုန်းက သူ့လောက်မြန်ဆန်တဲ့ ကစားသမားမျိုးကို မတွေ့ဖူးခဲ့ပါဘူး၊ ဘတ်ပီကလည်း သူ့လိုလျင်မြန်ကောင်းလျင်မြန်နိုင်ပါတယ်၊ ဂျိမ်းစ်ကိုသာ နေရာလွတ်တွေပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် အန္တရာယ်ကြီးမားသွားပါလိမ့်မယ်"
"အသင်းခံစစ်ပိုင်းကိုတော့ ကျွန်တော် ပြင်ဆင်မှုတွေပြုလုပ်ထားပြီး ကစားသမားတွေကိုလည်း ယုံကြည်မှုရှိနေစေဖို့ တွန်းအားပေးထားပါတယ်" လို့ ရော့စီက ပြောခဲ့ပါတယ်။ အုပ်စုတွင်းမှာတော့ ဟန်ဂေရီက ဝေးလ်ထက် တစ်မှတ်အသာစီးရရှိနေပြီး သရေကစားနိုင်ရုံနဲ့ ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကာဒစ်မှာကစားရမှာဖြစ်လို့ ဟန်ဂေရီအတွက် ဖိအားတွေကလည်း ရှိနေခဲ့ပါတယ်။