ဘရာဇီးလ်သားရဲ့ ခြေစွမ်းကလည်း တကယ်ကို လန်ထွက်နေတာပါပဲ။

ပရီးမီးယားလိဂ်မှာ ဆက်တိုက်ခြေစွမ်းပြနေတဲ့ အာဆင်နယ်က ယူရိုပါလိဂ်မှာလည်း သူတို့ရဲ့ ပုံစံကောင်းကို ပြသနေတုန်းပါပဲ။ ညကလည်း ဘိုဒိုဂလီမစ်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အန်ကီတီယာ၊ ရော့ဘ်ဟိုးဒင်း၊ ဖေဘီယိုဗီအဲရာတို့က ဂိုးတွေသွင်းယူပေးခဲ့ကြပြီး တိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်ရဲ့ ဗီအဲရာအတွက် ဖန်တီးပေးမှုကတော့ တော်တ​ော်လေးကို အဆင့်အတန်းမြင့်မားခဲ့ပါတယ်။

ဂျီးဆပ်က ပြိုင်ဘက်အသင်းဧရိယာရဲ့ အစွန်ဆုံးနေရာကနေ တောက်လျှောက်ဆွဲပြေးခဲ့ရာမှာ ကစားသမားနှစ်ဦးကို လှလှပပလိမ်ခေါက်ကျော်ဖြတ်ခဲ့တာပါ။ သူ့ရဲ့ ကျော်ဖြတ်ခဲ့ဟန် နာမည်ကျော်ဘရာဇီးလ်တိုက်စစ်မှူးဟောင်းကြီး ရော်နယ်ဒိုရဲ့ ကျော်ဖြတ်ပုံနဲ့ တူညီနေခဲ့ပြီး ကစားသမားနှစ်ဦးကို ဘယ်ယိမ်းညာယိမ်းပြီး ကျော်ဖြတ်ခဲ့တဲ့နောက် ဘယ်ခြေနဲ့ ဗီအဲရာကို ဖန်တီးပေးခဲ့ပြိး အသင်းဖော်ကလည်း အပိုင်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ 



ဒီနိုင်ပွဲကြောင့် အုပ်စုတွင်းမှာ အာဆင်နယ်က ၂ပွဲကစားအပြီး ၂ပွဲစလုံးအနိုင်ရထားကာ အုပ်စုအဆင့်ကကျော်ဖြတ်ဖို့အတွက် အေးအေးဆေးဆေးဖြစ်နေပါတယ်။ ဂျီးဆပ်ကတော့ အာဆင်နယ်ပွဲတိုင်းမှာ ဂိုးသွင်းရင်သွင်း၊ မသွင်းရင် ဖန်တီးပေးနေကာ သွင်းဂိုးပါဝင်ပတ်သက်မှုကပွဲတိုင်းလိုလိုမှာ လုပ်ပြနေပြီး အာဆင်နယ်ရဲ့ အားအထားရဆုံးကစားသမားတဦးအဖြစ် ရှိနေခဲ့ပါတယ်။ 

ဂျီးဆပ်က ရပ်တန့်မရအောင်ကို ဖြစ်နေပြီး သူ့ကို ပြိုင်ဘက်ခံစစ်မှူးတွေ ခက်ခက်ခဲခဲထိန်းသိမ်းနေရတာပါ။ ပရီးမီးယားလိဂ်မှာ ဟာလန်းက မိုးပျံအောင်က​ောင်းတဲ့ခြေစွမ်းတွေပြသနေလို့သာ ဂျီးဆပ်ရဲ့ နာမည်က မှေးမှိန်နေရတာဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းက တကယ်ကို ချီးကျူးစရာကောင်းနေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက်တော့ မှန်ကန်တဲ့ခေါ်ယူမှုတခုဖြစ်ခဲ့ပြီး အသင်းအတွက် ဂျီးဆပ်က အကျိုးကျေးဇူးအများကြီးရှိအောင်ကို ကစားပေးနေတာလည်းဖြစ်ပါတယ်။ 

Share

က္က