ကမ္ဘာကျော် Esports အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ Cloud9 ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူတို့ရဲ့ Dota 2 အသင်းသစ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Cloud9 ဟာ ၂၀၁၇ ဇန်နဝါရီလကတည်းက Dota 2 အသင်းကို လက်လွှတ်ခဲ့တာဖြစ်ပြီး ၃ နှစ်တိတိကြာတဲ့အခါမှာတော့ ကစားသမားဟောင်းနှစ်ဦးနဲ့အတူ အသင်းကိုပြန်လည်ဖွဲ့စည်းလိုက်ပြီပဲဖြစ်ပါတယ်။

Cloud9 ဟာ အမေရိကန်အခြေစိုက် Esports အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူ့လက်အောက်မှာ CS:GO, League of Legends, Rocket League, Rainbow Six Siege, Overwatch စသဖြင့်များစွာလှသော အသင်းပေါင်းများစွာရှိတဲ့ ကမ္ဘာ့အကြီးဆုံး Esports အဖွဲ့အစည်းကြီးတွေထဲက တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။




Cloud9 Dota 2 အသင်းမှာကစားသမားဟောင်းတွေဖြစ်ခဲ့ဖူးတဲ့ Misery, Pieliedie တို့ ၂ ဦး တို့ပြန်လည်ပါဝင်လာပြီး ကျန် ၃ ဦးကတော့ Demon Slayer အသင်းက FLee, EHOME မှာနောက်ဆုံးကစားခဲ့တဲ့ vtfaded, Neon Esports က Skem တို့ပဲဖြစ်ပါတယ်။


ဒီထဲမှာ vtfaded နဲ့ Skem တို့က အရှေ့တောင်အာရှကစားသမားတွေဖြစ်ပေမယ့် Chaos Esports Club နဲ့ Complexity Gaming တို့လို အနောက်နိုင်ငံအသင်းတွေမှာ ကစားခဲ့ဖူးတဲ့အတွေ့အကြုံတွေရှိတာကြောင့် အချို့သောအသင်းတွေလို communication ပြဿနာတော့ရှိမှာမဟုတ်ပါဘူး။ ကစားသမားအပြည့်အစုံနဲ့ ကစားမယ့် Position တွေကတော့


1. Skem

2. vtfaded

3. Misery

4. FLee

5. Pieliedie ပဲဖြစ်ပါတယ်။


ဒီထဲမှာ skem, vtfaded နဲ့ FLee တို့က ပြိုင်ပွဲကြီးအတွေ့အကြုံတွေသိပ်မရှိတဲ့ကစားသမားတွေဖြစ်ပေမယ့် Misery နဲ့ Pieliedie တို့ကတော့ ဝါရင့်ပရော်ဖက်ရှင်နယ်ကစားသမားတွေဖြစ်တာကြောင့် အကောင်းဆုံး လက်တွဲခေါ်သွားနိုင်လောက်ပါတယ်။

ဒီ Dota 2 အသင်းနဲ့ပတ်သတ်ပြီး Cloud9 Esports Organization ရဲ့ CEO ဖြစ်သူ Jack Etienne က အခုလို Dota 2 လောကထဲပြန်လည်ဝင်ရောက်လာနိုင်တဲ့အတွက် ဝမ်းမြောက်မိကြောင်း၊ ခေါ်ယူလိုက်တဲ့ကစားသမားတွေဟာလည်း အောင်မြင်မှုရရှိပြီးသားကစားသမားတွေဖြစ်တာကြောင့် အသင်းတစ်သင်းအနေနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်မိကြောင်း စသဖြင့်ပြောကြားခဲ့ပါတယ်။


Cloud9 Dota 2 အသင်းဟာ မကြာခင်ကျင်းပတော့မယ့် 2019-2020 DPC Season ရဲ့ တတိယမြောက် Major Qualifier မှာ SEA ကိုယ်စားပြုအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီ Major အလွန်မှာတော့ North America ကိုပြန်လည်အခြေချမှာဖြစ်တယ်လို့ သိရပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က