Dota2 သမိုင်းမှာ လူကြိုက်အများဆုံးအသင်းတစ်ခုဖြစ်ခဲ့တဲ့ Kuroky ရဲ့ Liquid အသင်းသားဟောင်းတွေ ပြန်လာပါပြီ။

ပရိသတ်အချစ်တော် Miracle, Kuroky တို့ပါဝင်တဲ့ Dota2 အသင်းဟာ အရင် Organization ဟောင်း Team Liquid နဲ့လမ်းခွဲပြီးနောက် ပျောက်ချက်သားကောင်းနေခဲ့တာ တော်တော်ကြာပါပြီ။ ကြားထဲမှာတော့ Kuroky က TI9 ကလူစာရင်းအတိုင်းပဲ အသင်းကိုဆက်လက်ဖွဲ့စည်းသွားမယ်ဆိုတာကိုတော့ သူ့ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။

အဲဒီလိုပျောက်ချက်သားကောင်းနေတဲ့ ex-Liquid အသင်းသားတွေကတော့ မကြာသေးခင်ကမှ သူတို့ရဲ့အသင်းသစ်ကို ကြေညာလိုက်ပါတယ်။ အသင်းသစ်ရဲ့နာမည်ကတော့ Nigma Esports ပါ။




Kuroky တို့တစ်တွေ Team Liquid နဲ့လမ်းခွဲပြီးနောက်ပိုင်း Organization အသစ်ကိုပြောင်းမယ်လို့ ပရိသတ်တော်တော်များများကထင်ခဲ့ကြမှာပါ။ ဒါပေမယ့် အဲဒီထင်မြင်ချက်တွေ တက်တက်စင်အောင်လွဲခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Kuroky ဟာ သူ့ကိုယ်ပိုင် Esports Organization ကိုတည်ထောင်လိုက်တာကြောင့်ပါပဲ။ Puppey ရဲ့ Team Secret, Notail နဲ့ Fly ရဲ့ OG တို့ရဲ့အောင်မြင်မှုဟာ Kuroky ကို ဒီလိုလမ်းသစ်ဖောက်ဖို့ တွန်းပို့ခဲ့တဲ့အဓိကအကြောင်းအရင်းတွေဖြစ်နိုင်ပါတယ်။


Kuroky တည်ထောင်လိုက်တာဟာ Dota 2 အသင်းတစ်ခုတည်းသာ မဟုတ်ဘဲ Esports Organization တစ်ခုဖြစ်တယ်လို့ဆိုတာကြောင့် ရှေ့လျှောက်ဘယ် Esports Title ကအသင်းတွေကို ထပ်ဖွဲ့စည်းဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ex-Liquid အသင်းသားတွေရဲ့အသင်းသစ် Nigma Esports မှာ Nigma ဟာ အာရပ်စကားလုံးဖြစ်ပြီး မြန်မာလို "ကြယ်" လို့အဓိပ္ပာယ်ရပါတယ်။ Kuroky ဟာ အာရပ်အနွယ်ဝင်လူမျိုးဖြစ်တာကြောင့် ဒီနာမည်ကိုရွေးချယ်ခဲ့ပုံပါပဲ။ ဒါပေမယ့် ဒီနာမည်နဲ့ပတ်သတ်ပြီး အငြင်းပွားမှုတွေကတော့ရှိနေပါသေးတယ်။ အာရပ်မှာ ကြယ်ကို "Najima" လို့အသံထွက်ကြောင်း၊ "Nigma" ဆိုတဲ့နာမည်ကိုရွေးချယ်တာဟာ ဆိုးရွားကြောင်း အမေရိကန် Dota 2 Caster တစ်ဦးဖြစ်တဲ့ Kyle က သူ့ရဲ့ Twitter စာမျက်နှာကနေ စောဒကတက်ခဲ့ပါတယ်။


အဲဒါနဲ့ပတ်သတ်ပြီး Nigma Esports ဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးပါဘူး။ ဘာပဲပြောပြော အသင်းကိုတရားဝင်မကြေညာခင် ရက်ပိုင်းမှာတင် ပန်းချီဆန်ဆန် Art Design တွေကိုထုတ်ပြကာ လူအများစိတ်ဝင်စားမှုကို သဲ့ယူသွားတဲ့ Nigma Esports ရဲ့ပရိုမိုရှင်းကတော့ တခြားအသင်းတွေထက် သာလွန်တယ်လို့ဆိုရမှာပါ။


Kuroky ဦးဆောင်တဲ့ Nigma Esports ဟာ အရင် Team Liquid မှာကတည်းက နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ The International ပြိုင်ပွဲသုံးခုစလုံးမှာ ထိပ်ဆုံး ၄ သင်းအဆင့်ဝင်ခဲ့တဲ့အသင်းပါ။ TI9 မှာလည်း ပင်တိုင်ကစားသမားတစ်ဦးဖြစ်တဲ့ Matubaman ကိုထုတ်ပယ်ကာ W33.haa ကိုအစားထိုးခဲ့ပေမယ့်လည်း ဒုတိယနေရာအထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 2019-2020 DPC Season ရဲ့ပထမဦးဆုံးမေဂျာကို လက်လွှတ်ခဲ့ပေမယ့် မကြာခင်ကျင်းပတော့မယ့် Leipzig Major ရဲ့ Qualifier မှာတော့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။

အနားယူနေတာ အနည်းငယ်ကြာပြီလို့ဆိုပေမယ့် ကမ္ဘာ့ထိပ်တန်းကစားသမားတွေနဲ့ဖွဲ့စည်းထားတာကြောင့် အရင်လိုကြောက်စရာကောင်းတဲ့ လက်စွမ်းကိုအချိန်တိုအတွင်းမှာ ပြန်လည်ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က