Dota 2 ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Valve ကတော့ 2019-2020 DPC Season အပြီးမှာ ပြိုင်ပွဲတွေကို အမှတ်ပေးလိဂ်ပုံစံအဖြစ် အသက်သွင်းသွားတော့မှာဖြစ်တယ်လို့ သိပ်မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။

Dota 2 ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Valve ကတော့ 2019-2020 DPC Season အပြီးမှာ ပြိုင်ပွဲတွေကို အမှတ်ပေးလိဂ်ပုံစံအဖြစ် အသက်သွင်းသွားတော့မှာဖြစ်တယ်လို့ သိပ်မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။


ရည်ရွယ်ချက်ကတော့ လက်ရှိပြိုင်ပွဲကျင်းပပုံစနစ်အောက်မှာ ရပ်တည်ဖို့ခက်ခဲနေတဲ့ Tier 2/3 အသင်းတွေအတွက် အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးဖို့ပါပဲ။ လက်ရှိ Dota 2 ပြိုင်ပွဲတွေကို DPC Season ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျင်းပနေတာဖြစ်ပြီး Season ၁ ခုမှာ DPC အမှတ်တွေချီးမြှင့်မယ့် Major ပြိုင်ပွဲ ၅ ပွဲနဲ့ Minor ပြိုင်ပွဲ ၅ ပွဲတို့ပါဝင်ပါတယ်။



 အသစ်ကူးပြောင်းတော့မယ့် လိဂ်စနစ်မှာတော့ Minor ပြိုင်ပွဲအားလုံးကို ဖျက်သိမ်းမှာဖြစ်ပြီး Major ပြိုင်ပွဲကိုလည်း ၃ ပွဲတည်းသာ ကျင်းပတော့မှာဖြစ်ပါတယ်။ လိဂ်စနစ်မှာ Regional League ကတော့ အခြေခံအကျဆုံးအဆင့်ဖြစ်ပြီး သူ့အပေါ်မှာတော့ Major ပြိုင်ပွဲများ တည်ရှိနေပါတယ်။ ထုံးစံအတိုင်း The International ပြိုင်ပွဲကတော့ အမြင့်ဆုံးအဆင့်ပြိုင်ပွဲအဖြစ် ရှိနေဦးမှာပါ။


Regional League


ဒီလိဂ်အဆင့်ပြိုင်ပွဲမှာတော့ Valve အသိအမှတ်ပြု Region တွေဖြစ်တဲ့ Europe, China, North America, SEA, CIS နဲ့ South America တို့က သူတို့ Region အလိုက်ယှဉ်ပြိုင်သွားရမှာပါ။


Regional League တစ်ခုချင်းစီမှာ ပြိုင်ပွဲအသင်း ၁၆ သင်းပါဝင်မှာဖြစ်ပြီး Upper Division ၈ သင်းနဲ့ Lower Division ၈ သင်း ဆိုပြီး ထပ်မံခွဲခြားကာ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ Regional League တစ်ခုမှာ ဆုကြေးငွေ ဒေါ်လာ ၂၈၀၀၀၀ နဲ့ DPC Point ၁၁၅၀ တို့ကို ချီးမြှင့်သွားမှာဖြစ်ပြီး Regional League တစ်ခုပြီးတိုင်းမှာ Major ပြိုင်ပွဲတစ်ခုကို ကျင်းပသွားမှာဖြစ်ပါတယ်။


Regional League တစ်ခါကျင်းပရင် ၆ ခုတစ်ပြိုင်နက်ကျင်းပမှာဖြစ်ပြီး ၃ ကြိမ်တိုင်တိုင်ကျင်းပမှာဖြစ်တာကြောင့် တစ်နှစ်အတွင်းမှာ Regional League ၁၈ ပွဲကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ ပြိုင်ပွဲကျင်းပပုံစံနစ်ဟာ Region တစ်ခုစီတိုင်းရဲ့ အကောင်းဆုံး ၄ သင်းလောက်သာ ဆုကြေးခံစားခွင့်တွေကိုရရှိနေတာဖြစ်ပြီး အသစ်ကျင်းပမယ့် လိဂ်စနစ်မှာတော့ ၁၆ သင်းစီက အကျိုးခံစားခွင့်ရရှိတော့မှာပဲဖြစ်ပါတယ်။


Regional League Season တစ်ခုပြီးတိုင်းမှာ Upper Division ရဲ့ အမှတ်အနည်းဆုံး ၂ သင်းနဲ့ Lower Division ရဲ့ အမှတ်အများဆုံး ၂ သင်းနဲ့ နေရာချင်းလဲကာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ Lower Division ရဲ့ အမှတ်အနည်းဆုံး ၂ သင်းကတော့ Regional League က ထွက်ခွာရမှာဖြစ်ပြီး Open Qualifier က ၂ သင်းကိုပြန်လည်အစားထိုးသွားမှာပဲဖြစ်ပါတယ်။


Regional League ပွဲကျင်းပမယ့် ကြာချိန်ကတော့ ၃ ပတ်ဖြစ်ပြီး အဲဒီကာလအတွင်း ပြိုင်ပွဲဝင်အသင်းတွေက BO3 နဲ့ ပတ်လည်ဆော့ကစားရမှာပဲဖြစ်ပါတယ်။ Regional League က ချီးမြှင့်မယ့် ဆုကြေးတွေကို အောက်မှာပုံနဲ့ဖော်ပြပေးထားပါတယ်။

Major


ဆုကြေးငွေ ဒေါ်လာ ၁ သန်းနဲ့ DPC အမှတ် ၁၅၀၀၀ ချီးမြှင့်လေ့ရှိတဲ့ Major ပြိုင်ပွဲတွေကတော့ လိဂ်စနစ်ကိုကူးပြောင်းတာနဲ့ ဆုကြေးငွေ ဒေါ်လာ ၅ သိန်းနဲ့ DPC အမှတ် ၂၇၀၀ အထိလျှော့ချပစ်တော့မှာပါ။


Major အသစ်မှာ အသင်း ၁၈ သင်းပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး Europe ၄ သင်း၊ China ၄ သင်း၊ North America ၃ သင်း၊ SEA ၃ သင်း၊ CIS ၂ သင်း နဲ့ South America ၂ သင်းဆိုပြီးသတ်မှတ်ထားပါတယ်။


အသစ်ပြောင်းလဲကျင်းပမယ့် Major မှာ Wildcard, Group Stage နဲ့ Playoff ဆိုပြီး အဆင့် ၃ ဆင့်ခွဲထားမှာဖြစ်ပြီး အခြေခံအကျဆုံး Wildcard အဆင့်မှာတော့ Europe ၂ သင်း၊ China ၂ သင်း၊ NA ၁ သင်း၊ SEA ၁ သင်းတို့သာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ Group Stage မှာတော့ Regional League ၆ ခုက ဒုတိယနေရာရရှိခဲ့တဲ့ ၆ သင်းအပြင် Wildcard အဆင့်ကိုကျော်ဖြတ်လာနိုင်တဲ့ ၂ သင်း၊ စုစုပေါင်း ၈ သင်းတို့က BO2 ပတ်လည်ဆော့ကစားရမှာပါ။


Group Stage ရဲ့ 1st နဲ့ 2nd ၂ သင်းက Regional League ချန်ပီယံ ၆ သင်းနဲ့အတူ Playoff အဆင့်ရဲ့ Upper Bracket ကိုလည်းကောင်း၊ 3rd, 4th, 5th, 6th အသင်းတို့က Lower Bracket ကိုလည်းကောင်း တက်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပေမယ့် အမှတ်အနည်းဆုံး ၂ သင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာဖြစ်ပါတယ်။ Major ကနေ ချီးမြှင့်မယ့် ဆုကြေးနဲ့ DPC အမှတ်ခွဲဝေမှုကိုတော့ အောက်မှာဖော်ပြထားပါတယ်။

Regional League ၃ ကြိမ်နဲ့ Majro ၃ ကြိမ် ကျင်းပပြီးတဲ့အခါမှာတော့ DPC အမှတ်အများဆုံးရရှိထားတဲ့ ၁၂ သင်းက The International ပြိုင်ပွဲကြီးကို တိုက်ရိုက်ဖိတ်ခေါ်ခံရမှာဖြစ်ပြီး ကျန် ၆ နေရာကိုတော့ Region တစ်ခုကို ၁ သင်းကျ Qualifier ကနေတစ်ဆင့်ခေါ်ယူသွားမှာဖြစ်ပါတယ်။


The International ပြိုင်ပွဲအတွက်တော့ အရင်လို Open Qualifier ရှိတော့မှာမဟုတ်ဘဲ Regional League ထဲက အသင်းတွေကသာ ပြန်လည်ယှဉ်ပြိုင်ရမှာပါ။ လိဂ်စနစ်ဟာ The International 2020 ပြီးတာနဲ့ အသက်ဝင်လာမှာဖြစ်ပြီး ပထမဦးဆုံး Regional League ဖြစ်တဲ့ Season 1 Fall League ကတော့ ၂၀၂၀ အောက်တိုဘာ ၅ ရက်နေ့မှာ စတင်မှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က