Ti9 အပြီးမှာတော့ Dota2 Rank Season အသစ်တစ်ခု စတင်လာခဲ့ပါပြီ။ ဘာတွေပြောင်းလဲသစ်ဆန်းလာမလဲဆိုတာတော့။

   Dota2 Rank တွေကို MMR အစား Medal အဖြစ်ပြောင်းပြီးကတည်းက ၆ လတစ်ကြိမ် Reset လုပ်ခဲ့တာ အခုအချိန်မှာတော့ လေးကြိမ်တိတိတိုင်ခဲ့ပါပြီ။


တစ်ခါ Reset ချတိုင်း Rank Match နဲ့ပတ်သတ်တဲ့အပြောင်းအလဲတွေ များစွာပြုလုပ်ခဲ့တာဟာ ယခုတိုင်ပါပဲ။ ဒီဘက်နှစ်မှာတော့ Rank System ဟာ အရင်က Solo Rank နဲ့ Party Rank ကနေ Core Rank နဲ့ Support Rank ဆိုပြီး လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပါပြီ။ အဲဒီလို အစဉ်တစိုက် ပြောင်းလဲတိုးတက်လာတဲ့ Rank System ဟာ ဒီတစ်ခါမှာရော ဘာတွေပြောင်းလဲသွားလဲဆိုတာကို ပြောပြချင်ပါတယ်။




အရင်အတိုင်းရှိနေဦးမယ့် CORE & SUPPORT RANK


         Valve ဘက်က Rank Reset မချဘဲ Solo & Party Rank ကို Core & Support Rank ဆိုပြီး ပြောင်းလဲလိုက်ချိန်မှာ အများစုကတော့ ခဏတာစမ်းသပ်တယ်လို့သာ ထင်မှတ်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ Valve က ကစားသမားတွေအနေနဲ့ ကိုယ်အားသာတဲ့ Role ကိုကစားပြီး စိတ်ကြိုက် Rank တင်နိုင်မယ့် Core & Support Rank ကိုသာအတည်ယူတော့မှာဖြစ်ပါတယ်။ အရင်လို ပွဲစတာနဲ့ ကစားချင်တဲ့ Role ကိုလုရတဲ့ပြဿနာတစ်ခု အပြီးတိုင်ချုပ်ငြိမ်းသွားမှာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့အရွေ့လို့ ပြောရမှာပဲဖြစ်ပါတယ်။


DRAFT ROLE REPORT


         Divine Rank နဲ့ အဲဒီထက်နိမ့်တဲ့ Rank တွေမှာ Support နဲ့ Find Match ရှာရင် ၅ မိနစ်က အကြာဆုံးပါပဲ။ တစ်ဖက်က Core မှာတော့ Offlane ဆိုရင် ကြာချိန်နည်းပေမယ့် Carry နဲ့ Mid ကစားမယ်ဆိုရင်တော့ Find Match က ၁၀ မိနစ်ကနေ ၁၅ မိနစ် တစ်ခါတစ်လေ အဲဒီထက်ပိုကြာတတ်ပါတယ်။ Immortal Rank တွေကတော့ Find Match အကြာဆုံးပဲဖြစ်ပါတယ်။


Rank ကို Role နဲ့ပြောင်းလိုက်တဲ့အချိန်ကစပြီး အသစ်ထပ်ပေါ်လာတဲ့ ပြဿနာကတော့ Find Match မြန်တဲ့ Support Role တွေနဲ့ Find ပြီး ပွဲထဲအရောက်မှာ Core လုကိုင်တဲ့ပြဿနာပါ။ အခုအချိန်မှာတော့ Drafting Phase မှာတင် ရွေးထားတဲ့ Role အတိုင်း မကိုင်တဲ့သူတွေကို Report ထုနိုင်မယ့် Feature ကိုထည့်ပေးလိုက်ပါပြီ။ အတော်လေးကောင်းမွန်တဲ့ Feature ဖြစ်တာကြောင့် Valve ကိုချီးကျူးရမှာပါ။


BAN WAVE


         Valve က Rank Reset နဲ့အတူ Season အသစ်အစမှာတင် Ban မယ့်အကြောင်းကိုပါ ကြေညာသွားပါတယ်။ Ban ခံရမယ့်အကြောင်းအရာကတော့ သုံးမျိုးရှိပါတယ်။ Behavior Score အရမ်းနည်းတဲ့သူတွေ၊ Dota2 အကောင့်ကိုယ်တိုင် မဆော့ဘဲ ရောင်းဝယ်ဖောက်ကားထားတဲ့သူတွေနဲ့ Smurf တွေပဲဖြစ်ပါတယ်။


         Behavior Score ဆိုတာကတော့ ကစားသမားတစ်ဦးရဲ့ အမူအကျင့်ကိုအမှတ်များအဖြစ်နဲ့ ဖော်ပြတဲ့ စနစ်တစ်ခုပါ။ Report အရမ်းမိတဲ့သူတွေ၊ တစ်ပွဲမပြီးသေးဘဲ ဂိမ်းကို Abandon ပြုလုပ်သူတွေကတော့ Behavior Score အလျှော့ခံရမှာပါ။ အခုဆိုရင် Behavior Score အမှတ် 1000 အောက်နည်းတဲ့သူတွေကို Ban နေပြီဖြစ်ပြီး အချို့ဆိုရင် ၁၉ နှစ်တောင် Ban ခံထိတယ်လို့ သိရပါတယ်။

         Rank ကြောင့် Dota2 အကောင့်ရောင်းဝယ်ဖောက်ကားတဲ့သူတွေကို ဖမ်းဖို့အတွက် Algorithm တွေထည့်သွင်းထားတယ်လို့ Valve ကဆိုပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာလည်း တော်တော်များများကို ဖမ်းမိထားလို့ တချို့ကို Ban ပြီးပြီလို့လည်း ဆိုပါတယ်။


         Smurf ဆိုတာကတော့ Rank အမြင့်သမားက Rank အနိမ့်သမားတွေကြားထဲ ဝင်ကစားတာကိုခေါ်တာပါ။ ဥပမာ Immortal Rank ရှိတဲ့သူက အခြား Rank နိမ့်တဲ့အကောင့်တစ်ခုနဲ့ Legend, Ancient စတဲ့ Rank ကသူတွေကို သွားပြီးအနိုင်ကျင့်တာကို Smurf လုပ်တယ်လို့ခေါ်ပါတယ်။ Smurf ထဲမှာမှ ပျော်ချင်လို့ Smurf ဆော့တဲ့သူနဲ့ Booster Smurf ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။ Booster ဆိုတာ အခကြေးငွေယူပြီး Rank တင်ပေးတဲ့သူတွေကို ခေါ်တာပဲဖြစ်ပါတယ်။ Valve ကတော့ အဲဒီ Smurf နှစ်မျိုးစလုံးကို ဖမ်းနိုင်ဖို့အတွက် AI တွေကို လေ့ကျင့်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။ အချိန်တော့အနည်းငယ်ယူရဦးမှာဖြစ်ပေမယ့် ထိရောက်ဖို့အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။


         ဘာကြောင့် Ban ခံရပါစေ Ban ခံရတဲ့သူရဲ့ အကောင့်က Rank ကစားဖို့ချိတ်ထားတဲ့ ဖုန်းနံပါတ်ဟာ Valve တစ်သက်တာ Blacklist လုပ်ခြင်းကိုခံရမှာပဲဖြစ်ပါတယ်။



ခြားအကြောင်းအရာများ


         Valve ဟာ Dota2 အကောင့်ဖောင်းပွမှုကိုတိုက်ဖျက်ဖို့အတွက် နည်းပေါင်းစုံသုံးလာတာကြာပါပြီ။ အခုတစ်ခါမှာလည်း အကောင့်သစ်ဖွင့်ကစားသူတွေ လက်တွန့်စေမယ့်နည်းလမ်းတစ်ခုကို သုံးလိုက်ပြန်ပြီပဲဖြစ်ပါတယ်။ အဲဒါကတော့ Rank ပွင့်ဖို့အတွက် နာရီ ၁၀၀ ကစားခိုင်းတဲ့နည်းပါပဲ။


အရင်တုန်းက အကောင့်အသစ်တွေအနေနဲ့ Rank ပွင့်ဖို့အတွက် ပွဲ ၁၀၀ သာကစားရမှာဖြစ်တာကြောင့် မိနစ် ၂၀ လောက်နဲ့တစ်ပွဲပြီးတဲ့ Turbo Mode တွေကစားပြီး Rank ပွင့်အောင်လုပ်ကြပါတယ်။ အခုတစ်ခါမှာတော့ အဲဒီလိုလုပ်လို့မရတောပ့ါဘူး။ ကစားသမားတစ်ဦးရဲ့ ကစားပွဲထဲမှာ ကြာချိန် နာရီတစ်ရာပြည့်မှသာ Rank ကစားခွင့်ရမှာပါ။ နာရီတစ်ရာမပြည့်ဘဲ Rank ပွင့်ထားသူတွေကို Rank ကစားခွင့်ယာယီပိတ်ထားမှာဖြစ်ပြီး နာရီတစ်ရာပြည့်မှာသာ Rank ကစားခွင့်ပြန်ပေးမှာဖြစ်ပါတယ်။

         နောက်တစ်ချက်ကတော့ Party ကစားသူတွေအနေနဲ့ တစ်ဖက်နဲ့တစ်ဖက်တွေ့တဲ့အခါ Overall Average Rank တူညီမယ့်အပြင် တစ်ဦးချင်းစီရွေးချယ်ထားတဲ့ Role အလိုက် Rank တွေကိုလည်း တူညီအောင်ပြုလုပ်ထားမယ့် အချက်ပဲဖြစ်ပါတယ်။ ကောင်းတယ်လို့ထင်ရပေမယ့် Find Match ကြာချိန်တွေပိုကြာဖို့ အလားအလာတွေကို တွေ့မြင်နေရပါတယ်။


         Dota2 Rank Season အသစ်နဲ့ပတ်သတ်ပြီး ပြောပြချင်တာတွေကတော့ ဒီလောက်ပါပဲ။ သက်သက်အကြံပြုလိုတာကတော့ Season အသစ်က အခုမှစတာဖြစ်လို့ ထုံးစံအတိုင်း Bug တွေလား ဘာလဲမသဲကွဲသေးတဲ့အရာတွေအများကြီးရှိနေတာကြောင့် ကိုယ့် Rank ကိုအမှန်အကန်တန်ဖိုးထားသူတွေအနေနဲ့ TBD ပွဲကို လောလောဆယ်မဆော့သေးဘဲ အခြေအနေကိုဆက်စောင့်ကြည့်ဖို့ အကြံပြုချင်ပါတယ်။


Written by Myo Thant Kyaw



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က