အသင်းခေါင်းဆောင် Ppd အနားယူသွားတဲ့နောက် ဥရောပအခြေစိုက် NiP အသင်းဟာ Chicken Fighters အသင်းကို ပြောင်းလဲခေါ်ယူခဲ့ပါတယ်။

     အသင်းခေါင်းဆောင် Ppd အနားယူသွားတဲ့နောက် ဥရောပအခြေစိုက် NiP အသင်းဟာ Chicken Fighters အသင်းကို ပြောင်းလဲခေါ်ယူခဲ့ပါတယ်။

         Ti5 ချန်ပီယံဟောင်းနဲ့ NiP ကပ္ပတိန်ဖြစ်တဲ့ Ppd အနားယူသွားတဲ့နောက်မှာ ဥရောပအခြေစိုက် Esports အဖွဲ့အစည်း NiP ဟာ ကျန်ရှိ Dota2 အသင်းသားတွေဖြစ်တဲ့ Tanner, Daxak, Lelis တို့ကိုပါ ထုတ်ပယ်လိုက်ပြီးနောက် အခုတလော ပြိုင်ပွဲတွေမှာ မြင်တွေ့နေရတဲ့ Chicken Fighters အသင်းကို ခေါ်ယူလိုက်ပါတယ်။



         Chicken Fighters အသင်းကို Na’Vi အသင်းသားဟောင်း SoNNeikO မှ ကပ္ပတိန်အဖြစ် တာဝန်ယူထားပြီး CharlieDota, Supream^, SabeRLight- နဲ့ Era တို့ ပါဝင်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ESL One LA အွန်လိုင်းလိဂ်ပွဲမှာလည်း နာမည်ကျော် Team Nigma ကို ရှုံးထွက်အဆင့်မှာ အနိုင်ရခဲ့ပြီး ပြိုင်ပွဲတစ်ခုလုံးမှာ စတုတ္ထနေရာကို ရရှိခဲ့လို့ အခုလို NiP က ခေါ်ယူခဲ့တာဖြစ်နိုင်ပါတယ်။

         NiP Dota2 အသင်းသစ်ကိုတော့ ဧပြီလ ၂၃ ရက်နေ့မှာ စတင်ကျင်းပတဲ့ WePlay! Pushka League အွန်လိုင်းပြိုင်ပွဲမှာ ဆက်မြင်ရဦးမှာပါ။ Chicken Fighters အသင်းဟာ WePlay! Pushka ရဲ့ အမြင့်ဆုံး S1 League အဆင့်ကို ဝင်ရောက်ခွင့်ပြုတ်ခဲ့ပေမယ့် NiP နာမည်အောက်ကနေ ပြန်လည်ကစားခွင့်ရသွားလို့ ကံကောင်းတယ်ပဲ ပြောရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က