အမေရိကန်အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်းဖြစ်တဲ့ Cloud9 ဟာ ဖွဲ့စည်းထားတာ သုံးလသာ ရှိသေးတဲ့ Dota2 အသင်းကို တစ်သင်းလုံးထုတ်ပယ်လိုက်ပါတယ်။

     အမေရိကန်အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်းဖြစ်တဲ့ Cloud9 ဟာ ဖွဲ့စည်းထားတာ သုံးလသာ ရှိသေးတဲ့ Dota2 အသင်းကို တစ်သင်းလုံးထုတ်ပယ်လိုက်ပါတယ်။

         ၂၀၁၆ - ၁၇ ကာလတုန်းက EE, FATA, Bone7, Notail, Misery, Pieliedie အစရှိ နာမည်ကျော်ကစားသမားတွေနဲ့ Dota2 စာမျက်နှာမှာလည်း လူကြိုက်များခဲ့တဲ့ Cloud9 ဟာ Ti7 မှာ အောက်ဆုံးနားကနေ ရပ်တည်ခဲ့ရတဲ့အတွက် အသင်းကို ပထမဆုံးအကြိမ်ဖျက်သိမ်းခဲ့ပါတယ်။




         ၂၀၂၀ ခုနှစ်မှာ တကြော့ပြန် Dota2 အသင်းဖွဲ့စည်းလာပေမယ့် သုံးလသာရှိသေးတဲ့ အချိန်အတွင်းမှာ သူတို့ရဲ့ လက်ရှိကစားသမားအားလုံးကို စာချုပ်ဖျက်သိမ်းခဲ့ပြန်ပါပြီ။ အကြောင်းရင်းကို မဖော်ပြပေမယ့် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ အခြေအနေမကောင်းခဲ့တာကြောင့်ပဲဖြစ်မယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

         လက်ရှိ EternalEnvy, Ace, Sneyking, Misery, pieliedie တို့ပါဝင်ပြီး မကြာသေးခင်ကမှ Vtfaded နဲ့ Skemberlu တို့ လမ်းခွဲသွားတဲ့ အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ BTS Pro Series Americas မှာ ရှစ်သင်းယှဉ်ပြိုင်တာ အုပ်စုအဆင့် ဆဌမသာရခဲ့ပြီး ရှုံးထွက်အဆင့်မှာလည်း ပထမဆုံးပြုတ်ခဲ့ပါတယ်။


         သူ့ရှေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ WeSave! Charity Play, Dota Summit 12 သာမက SEA Region ကနေ ဝင်ပြိုင်ခဲ့တဲ့ ESL One Los Angeles SEA Qualifier ကအစ အရေးနိမ့်ခဲ့တာကြောင့် Cloud9 အနေနဲ့ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပုံပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က