ဒီလထဲ မိတ်ဆက်သွားမယ့် ဖုန်းပါ။

     Huawei ဖုန်းသစ်အဖြစ် မကြာခင်မြင်ရမယ့် Huawei P30 series ရဲ့ ကင်မရာကြော်ငြာကို DSLR ကင်မရာနဲ့ရိုက်ခဲ့တယ်လို့သတင်းထွက်လာပါတယ်။

Huawei ပုံ ဘယ်နဲ့မူရင်းပုံညာ (Photo: gadgetmatch)



         အနည်းဆုံး ၅ဆ ဆွဲနိုင်မယ့် ပယ်ရီစကုပ် zoom ကင်မရာစနစ်နဲ့လာမယ်ဆိုတဲ့ Huawei P30 Pro ကင်မရာစနစ်အတွက် teaser campaign တစ်ခုအဖြစ် နမူနာပုံတွေကို Huawei ဘက်က တင်ခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်မှာ မိတ်မဆက်ရသေးတဲ့ ဒီဖုန်းကင်မရာအကြောင်းက ကြားရတာ အားရစရာကောင်းပါတယ်။ on paper အချက်အလက်တွေအရ Huawei P30 Pro ဟာ ကင်မရာ လေးလုံး ၊ ပယ်ရီစကုပ် lens တစ်ခုနဲ့7x zoom စနစ်တွေ ပါမယ်လို့ဖော်ပြထားတာကြောင့် ဒီဖုန်းဟာ တကယ့်ကို အံ့သြစရာကင်မရာစနစ်ပါမယ်ဆိုတာ ငြင်းမရပါဘူး။

         တစ်ခုရှိတာက ဒီလို ကင်မရာကောင်းတဲ့ ဖုန်းတစ်လုံးရဲ့ စွမ်းရည်ကို ဈေးကွက်ထဲ မရောက်ခင် အမြည်းအဖြစ် ချပြရာမှာတော့ လှည့်ကွက်တွေသုံးသွားတာက စိတ်မကောင်းစရာပါ။ ပိုဆိုးတာက ဒီပုံတွေထဲက တစ်ချို့ကို Huawei ရဲ့ တရားဝင် Weibo အကောင့်မှာပါ တင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်က ဒီပုံတွေဟာ တစ်ခြားသူတွေ ရိုက်ထားတဲ့ stock ပုံတွေဖြစ်ပြီး GadgetMatch ကနေ reverse image search သုံးပြီး ဖော်ထုတ်ထားတာတစ်ခုက ကလေးငယ်တစ်ယောက် လမ်းပေါ်မှာ ဘဲလေးတွေကို ထိတော့မယ့်ပုံလေးပါ။

Photo: GSMArena

         ဒီပုံကို ၂၀၀၉ ခုနှစ်ကတည်းက Jack Olson ဆိုသူက တင်ထားခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ပုံကတော့ Getty Images မှာ stock ပုံအဖြစ် ရှိခဲ့တဲ့ မီးတောင်ပေါက်ကွဲနေတဲ့ ပုံပါ။ အင်ဒိုနီးရှားနိုင်ငံက ကရာကာတော မီးတောင်မြင်ကွင်းကို ရိုက်ကူးခဲ့တဲ့ ပုံဖြစ်ပြီး ဒီမီးတောင် နောက်ဆုံးပေါက်ကွဲခဲ့တာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ကဖြစ်ပါတယ်။ Huawei ဟာ ပြီးခဲ့တဲ့နှစ်ကလည်း Nova 3 ကြော်ငြာကို DSLR ကင်မရာနဲ့ရိုက်ကူးခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။

         ကင်မရာ ၄ လုံးပါဝင်တဲ့ Nova 3နဲ့ဆယ်လ်ဖီဆွဲတဲ့ အခန်းကို ကြော်ငြာချိန်မှာ ဖုန်းကင်မရာမသုံးဘဲ DSLR အစစ်နဲ့ရိုက်ပြခဲ့တာ ဖြစ်ပြီး ဒီရိုက်ကူးနောက်ကွယ်က အဖြစ်ကို ဒီဗွီဒီယိုမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဆာရာအလက်ချမီက ဓါတ်ပုံရိုက်ပြီး သူမရဲ့ instagram မှာ တင်ခဲ့ပါတယ်။

အလားတူအဖြစ်မျိုးကို ၂၀၁၆ မှာ မိတ်ဆက်ခဲ့တဲ့ Huawei P9 ကင်မရာကြော်ငြာမှာလည်း ကြုံခဲ့ပါတယ်။ ထိုစဉ်က Huawei P9 ကင်မရာကောင်းကြောင်းကို ဒေါ်လာ ၄၅၀၀ တန် Canon EOS 5D Mark III သုံးပြီး ကြော်ငြာခဲ့တာပါ။ Huawei ဟာ လာမယ့် မတ်လ ၂၆ ရက်နေ့ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ Huawei P30 နဲ့Huawei P30 Pro တို့ကို မိတ်ဆက်သွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က