Android 9 Pie နဲ့ ထွက်ထားတာပါ

၂ ရက်အထိ အသုံးခံမယ့်ဘက်ထရီ နဲ့ Nokia branded ဘက်ဂျက်ဖုန်းတစ်လုံးကို HMD Global က ကြေညာသွားပါတယ်။

Nokia 2.3 နာမည်နဲ့ မိတ်ဆက်လိုက်တဲ့ ဒီဖုန်းဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် Android One စမတ်ဖုန်းဖြစ်ပြီး ပိုလီကာဗွန်နိတ်ကိုယ်ထည်နဲ့ ထူးမခြားနားဒီဇိုင်းနဲ့ လာပါတယ်။ 5MP selfie ကင်မရာ ပါဝင်တဲ့ waterdrop notch display မျိုး သုံးထားပြီး မျက်နှာပြင်အရွယ်အစား ၆.၂ လက်မ ပါရှိပါတယ်။



bezel ဘောင်သားတွေ နည်းနည်း ထူထဲပြီး display ကတော့ 720p အမျိုးအစား ဖြစ်ပါတယ်။ ကိုယ်ထည်ဘေးမှာ Google Assistant အတွက် သီးသန့်ခလုတ်ပေးထားပြီး ကျောဘက် panel မှာ လက်ကိုင်မြဲစေဖို့ 3D nano textured စင်းကာဗာနဲ့ ထုတ်ထားပါတယ်။ Nokia 2.3 ဟာ ကင်မရာနဲ့ ဖျော်ဖြေရေး အသားပေး ဘက်ဂျက်ဖုန်းလို့ ကုမ္ပဏီက ကြေညာထားပါတယ်။


Photo: fonearena

fingerprint scanner မသုံးတော့ဘဲ မျက်နှာပြင်ဖတ်နည်းပညာနဲ့ ဖုန်းကို လော့ခ်ဖွင့်နိုင်မှာပါ။ ဘက်ထရီပါဝါဟာ 4000mAh ဖြစ်ပြီး တစ်ခါအားသွင်းထားတာနဲ့ ၂ ရက်အထိ အသုံးခံမယ်လို့ ဆိုပါတယ်။ fast charging ပံ့ပိုးမှုတော့ မရဘဲ 5W charging ပဲ ထွက်ပါတယ်။ အားသွင်းပေါက်ကလည်း microUSB Port ကနေ အားသွင်းရတာပါ။

ကျောဘက်မှာ 13MP နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ နှစ်လုံး သုံးထားပါတယ်။ dual camera စနစ်ဖြစ်လို့ Portrait Mode နဲ့ bokeh effects တွေ ဖန်တီးနိုင်မှာပါ။ စိတ်ဝင်စားစရာက shutter မနှိပ်ခင်နဲ့ နှိပ်ပြီး စပ်ကြားမှာ ပုံ ၁၅ ပုံအထိ ရိုက်ပြီး အကောင်းဆုံး shot ကို ဆွဲထုတ်ပေးမယ့် Recommended Shot feature ထည့်ပေးထားတာပါပဲ။




Nokia 2.3 ဟာ ဘက်ဂျက်ဖုန်းဖြစ်တဲ့ အတိုင်း RAM 2GB/32GB storage သုံးထားပြီး processor ကိုလည်း quad core MediaTek Helio A22 chipset ပဲ ဆက်သုံးပါတယ်။ ဒီ processor ဟာ Nokia 2.2 မှာ သုံးသွားတဲ့ processor ပါ။ Nokia 2.3 ဟာ Android One ပရောဂျက်နဲ့ထွက်ထားတဲ့ ဖုန်းဖြစ်လို့Google stock Android စနစ် သုံးနိုင်မယ့် ဖုန်းဖြစ်ပြီး လက်ရှိမှာ Andorid 9 Pie နဲ့ထွက်ထားပါတယ်။

Android 10 ထုတ်ထားတဲ့ အချိန်မှာ Android 9 နဲ့ လာတာကတော့ စိတ်ပျက်စရာပါ။ Android update ကို ၂ နှစ်အထိ support ပေးထားပြီး လစဉ် security update ကို ၃ နှစ်ပေးမယ်လို့တော့ ကုမ္ပဏီဘက်က ကြေညာထားပါတယ်။ အရောင်အနေနဲ့ Cyan Green ၊ Sand နဲ့ Charcoal ကာလာ ၃ ရောင်နဲ့ ထွက်ထားပြီး ဈေးကတော့ ၁၀၉ ယူရို ( မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်) သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က