ကင်မရာဦးစားပေး ဖုန်းကောင်းတစ်လုံးပါပဲ။

စက်တင်ဘာ ၂၀ ရက်နေ့မိတ်ဆက်သွားမယ့် Vivo V17 Pro ရဲ့ promo ဗွီဒီယို ထွက်လာပြီ ဖြစ်သလို ဒီဖုန်းရဲ့ ထူးခြားတဲ့ features တစ်ချို့လည်း မြင်ရပြီ ဖြစ်ပါတယ်။

ဒီလဆန်းပိုင်းက Vivo India ရဲ့ Twitter မှာ တင်ထားတဲ့ promo video အရ Vivo V17 Pro ဟာ ကမ္ဘာ့ပထမဆုံး 32MP Dual Pop-up Selfie ကင်မရာ ပါမယ်လို့ဆိုပါတယ်။ Vivo V series ထဲမှာ နောက်ဆုံး ထွက်ထားတဲ့ Vivo V15 နဲ့V15 Pro တို့မှာလည်း 32MP pop-up ဆယ်လ်ဖီကင်မရာသုံးခဲ့ပေမယ့် single pop-up selfie ကင်မရာ စနစ်နဲ့လာတာပါ။

Photo: Vivo

Vivo V17 Pro promo ဗွီဒီယိုမှာတော့ wide angle sensor ပါဝင်တဲ့ dual pop-up ကင်မရာပါပြီး Night shots ရိုက်ချက်တွေ ပိုကောင်းမယ်လို့ဖော်ပြထားပါတယ်။ နောက်တစ်ချက်က ကျောဘက်မှာ ကင်မရာ ၄ လုံး သုံးမယ်လို့လည်း သတင်းထွက်ထားတာကြောင့် Vivo V17 Pro ဟာ ကင်မရာဦးစားပေး စမတ်ဖုန်းအဖြစ် မြင်ရဖို့ရှိပါတယ်။

dual pop-up selfie ကင်မရာအကြီးစားကို သုံးထားတာကြောင့် မှန်ပြင်အပြည့်ဒီဇိုင်းဖြစ်လာသလို ဒီ pop-up selfie ကင်မရာဖွဲ့စည်းပုံဟာ နောက်ဆုံးထွက် iPhone သစ်တွေရဲ့ notch ကို symmetric ကျတဲ့ ဒီဇိုင်းအဖြစ် ပုံဖော်ထားတာလို့လည်း ဆိုနိုင်ပါတယ်။ ဒီဖုန်းမှာ ဓါတ်ပုံကို အနုစိတ် detail ဖမ်းယူရိုက်ကူးနိုင်မယ့် macro-lens လည်း ပါဝင်လာဖို့ရှိပါတယ်။

Vivo V17 Pro မှာ နောက်ထပ် စောင့်ကြည့်ရမယ့် အချက်က USB-C port ပံ့ပိုးမှု ပါလာမလားဆိုတဲ့ အချက်ပါ။ လက်ရှိ ထွက်ထားတဲ့ Vivo V15 Pro မှာ Micro USB port ပဲ သုံးသွားတာကြောင့် Vivo V17 Pro မှာ data transfer speed အများကြီး ပိုမြန်ပြီး အားသွင်းလို့ပိုသွက်စေမယ့် USB-C port ပါမယ်ဆိုရင်တော့ ကြိုဆိုရမယ့် အချက်လို့ဆိုချင်ပါတယ်။

Photo: soyacincau

လတ်တလော ကြားနေရတဲ့ သတင်းတွေအရ Vivo V17 Pro ဟာ အကြမ်းခံမှုမြင့်မားတဲ့ Super AMOLED display သစ် သုံးထားပြီး RAM 8GB/128GB storage ပါမယ်လို့ဆိုပါတယ်။ ဘက်ထရီပါဝါဟာ 4100 mAh နဲ့လာပြီး Dual Engine Fast Charging အမြန်အားသွင်းနည်းပညာ သုံးသွားမယ်လို့သိရပါတယ်။

ပြည်တွင်းဈေးကွက်ထဲ Vivo V17 Pro ကို မကြာခင်မိတ်ဆက်သွားဖို့ရှိပြီး တရားဝင်မထွက်ရှိခင်မှာပဲ pre-order မှာယူမှုတွေကို လက်ခံသွားမယ်လို့ဆိုပါတယ်။


ယခု သတင်းဆောင်းပါးအား Vivo Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်

Share

Loading Next Article...
က္က