quad lens သုံး စမတ်ဖုန်းပါ

စမတ်ဖုန်းတွေထဲမှာ pop-up ဆယ်လ်ဖီကင်မရာစနစ်ကို ပထမဆုံး သုံးခဲ့တဲ့ Vivo ဟာ အခုချိန်မှာလည်း ကမ္ဘာ့ပထမဆုံး dual pop-up ဆယ်ဖီကင်မရာနည်းပညာ သုံးလာပြီ ဖြစ်ပါတယ်။


upper mid-ranger ဖုန်းတစ်လုံးအဖြစ် ဈေးကွက်ထဲ မိတ်ဆက်သွားတဲ့ Vivo V17 Pro ဟာ notch အစား pop-up ကင်မရာသုံးပြီး ဒီ pop-up ထဲမှာ ကင်မရာနှစ်လုံး ပါရှိပါတယ်။ မျက်နှာပြင် ၆.၄၄ လက်မ FullHD+ Super AMOLED screen နဲ့လာတဲ့ ဒီဖုန်းဟာ 20:9 ကိုယ်ထည်နဲ့လာတာဖြစ်ပြီး Vivo ကတော့ ဒီ display ကို Ultra FullView Display လို့နာမည်ပေးထားပါတယ်။

Photo: mysmartprice

Vivo V17 Pro ရဲ့ Ultra FullView Display ရဲ့ မှန်ပြင်အောက်မှာ လက်ဗွေနည်းပညာ ထည့်သွင်းထားပါတယ်။ pop-up ကင်မရာထဲမှာ 32MP နဲ့၁၀၅ ဒီဂရီ မြင်ကွင်းကျယ် 8MP ultra-wide ကင်မရာ နှစ်လုံး သုံးထားပြီး pop-up ကင်မရာ frame ထဲမှာ selfie softlight နဲ့earpiece တို့တပ်ဆင်ထားတာပါ။ ဆယ်လ်ဖီကင်မရာစနစ်အနေနဲ့Night Selfie mode လို့ခေါ်တဲ့ အလင်းအားနည်းချိန် ဆယ်လ်ဖီကင်မရာအရည်အသွေးကို မြှင့်ပေးနိုင်မယ့် multi-frame image processing စနစ် သုံးပါတယ်။

ကျောဘက် panel ရဲ့ အလယ်မှာ ထောင်လိုက် ကင်မရာ ၄ လုံးတွဲ ပါပြီး ကင်မရာတွေအနေနဲ့Sony IMX582 48MP sensor ၊ 2x tele ဆွဲရိုက်နိုင်မယ့် 13MP ကင်မရာ ၊ macro ကင်မရာလိုလည်း လုပ်ဆောင်နိုင်တဲ့ 8MP ultra-wide sensor နဲ့2MP depth sensor တွေ သုံးသွားတာပါ။ Vivo V17 Pro ရဲ့ ကျောဘက်ကင်မရာဟာ Super Macro mode လို့ခေါ်တဲ့ ကိုယ်ရိုက်ကူးမယ့် subject နဲ့၂.၅ စင်တီမီတာကနေ ဓါတ်ပုံရိုက်နိုင်မယ့် စနစ် နဲ့ AI Super Night mode များလည်း ပါဝင်ပါတယ်။

ကျန်တဲ့ hardware specs တွေအနေနဲ့RAM 8GB/128GB storage ၊ Snapdragon 675 SoC ၊ 18W charging ပါ 4100 mAh ဘက်ထရီတွေ သုံးထားတာပါ။ Android စနစ်အနေနဲ့Android 9.0 ကို အခြေခံထားတဲ့ FunTouch OS 9.1 ပါပြီး Gaming features တွေ အများအပြား ထည့်ထားပါတယ်။

Photo: Firstpost

ဒီ gaming features တွေထဲမှာ ဖုန်းရဲ့ အပူချိန်နဲ့တစ်ခြားအခြေအနေတွေကို စောင့်ကြည့်နိုင်တဲ့ Game Center ၊ ဂိမ်းစွမ်းဆောင်ရည်နဲ့စနစ်ကို မြှင့်တင်ပေးမယ့် Multi-Turbo tech နဲ့ဂိမ်းထဲမှာ Chatting လုပ်ရင်း ကိုယ့်အသံကို hide လုပ်လို့ရမယ့် Voice Changer တစ်ခု ပါဝင်ပါတယ်။

Vivo V17 Pro ဟာ Crystal Black နဲ့Crystal Sky ကာလာနှစ်ရောင်နဲ့လာပြီး အိန္ဒိယဈေးကွက်ထဲမှာ ရူပီး ၂၉၉၉၀ ( မြန်မာငွေ ၆ သိန်းခွဲခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က