ရန်ပွဲနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် လူသိရှင်ကြားဖွင့်ပြောခဲ့တာပါ။

မက်ဂွိုင်းယားဟာ ရန်ပွဲဖြစ်ပွားခဲ့စဉ်အတွင်း ရဲအရာရှိတွေရဲ့ အမိန့်ကိုမနာခံမှု၊ ပြန်လည်ခုခံမှု၊ လာဘ်ထိုးဖို့ကြိုးစားမှုတွေရှိခဲ့တယ်လို့ တရားရုံးက သတ်မှတ်ခဲ့ပြီး ဆိုင်းငံ့ထောင်ဒဏ် ၂၁လအထိကျခံစေဖို့ အမိန့်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။


ဂရိနိုင်ငံ၊ မိုင်ကိုနော့စ်မှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအပြီး ပထမဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဂွိုင်းယားက သူ့ရဲ့အသက်ဘေးအတွက်ပါ စိုးရိမ်ခဲ့ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာပြောဆိုခဲ့တာဖြစ်ပြီး သူ့အနေနဲ့ အမှားမလုပ်ခဲ့တာကြောင့် ဘယ်သူ့ကိုမှ တောင်းပန်စရာမလိုဘူးလို့လည်း အင်္ဂလန်နောက်ခံလူက ပြောဆိုသွားခဲ့ပါတယ်။ 

မက်ဂွိုင်းယားဟာ ရန်ပွဲဖြစ်ပွားခဲ့စဉ်အတွင်း ရဲအရာရှိတွေရဲ့ အမိန့်ကိုမနာခံမှု၊ ပြန်လည်ခုခံမှု၊ လာဘ်ထိုးဖို့ကြိုးစားမှုတွေရှိခဲ့တယ်လို့ တရားရုံးက သတ်မှတ်ခဲ့ပြီး ဆိုင်းငံ့ထောင်ဒဏ် ၂၁လအထိကျခံစေဖို့ အမိန့်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာ အယူခံဝင်ဖို့အတွက် မက်ဂွိုင်းယားက ကြိုးစားနေပြီး BBC နဲ့ အင်တာဗျူးမှာ ဖြစ်ပွားခဲ့မှုတွေကို ပထမဆုံးအကြိမ်ပြန်ပြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"ကျွန်တော့်ညီမအနားကို လူနှစ်ဦးက ချဉ်းကပ်ခဲ့ပြီး ဘယ်ကလာတာလဲဆိုပြီး မေးမြန်းခဲ့ပါတယ်၊ ညီမက တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်၊ အဲဒီနောက်မှာ ညီမလေးက ထိတ်လန့်တကြီးနဲ့ ပြေးလွှားလာတာကို ကျွန်တော့်ချစ်သူက မြင်တွေ့လိုက်ပါတယ်၊ ညီမလေးက တော်တော်လေးမောဟိုက်နေပြီး ကြောက်လန့်နေခဲ့တာပါ၊ စစချင်းမှာ ပြန်ပေးဆွဲခံရတယ်လို့ ကျွန်တော်ထင်ခဲ့မိတယ်"

"ကျွန်တော်တို့ မြေကြီးပေါ်ဒူးထောက်ထိုင်ချခဲ့ပြီး လက်တွေကိုလည်း မြှောက်ထားခဲ့ပါတယ်၊ သူတို့က စပြီး ကျွန်တော့်ကို ထိုးကြိတ်ခဲ့တာပါ၊ ကျွန်တော့်ကို လက်ထိပ်ခတ်ခဲ့ပြီးတော့ ခြေထောက်နဲ့ကန်ကျောက်ပြီး မင်းရဲ့ကစားသမားဘဝကတော့ ပြီးသွားပြီ၊ ဘောလုံးဆိုတာမရှိတော့ဘူး၊ မင်းနောက်တစ်ကြိမ်မကစားရတော့ဘူးဆိုပြီးတော့ ပြောခဲ့တာပါ"


"သူတို့မှာ ဒီလိုလုပ်ဖို့အခွင့်အရေးမရှိဘူး၊ သူတို့ဘယ်သူတွေလဲကျွန်တော်မသိဘူး၊ ထွက်ပြေးဖို့ကျွန်တော်ကြိုးစားခဲ့ပါတယ်၊ တော်တော်လေးထိတ်လန့်တုန်လှုပ်ခဲ့ရပြီး အသက်အန္တရာယ်အတွက်ပါ ကြောက်ခဲ့ရတာပါ၊ ကျွန်တော်အမှားမလုပ်ခဲ့တဲ့အတွက် တောင်းပန်စရာမလိုပါဘူး၊ အမှားလုပ်မှသာတောင်းပန်ရမှာပါ၊ အသင်းပရိသတ်တွေနဲ့ ကလပ်အသင်းအတွက် ဒီလိုတွေဖြစ်ခဲ့တာကိုတော့ ကျွန်တော်နောင်တရမိပါတယ်" လို့ မက်ဂွိုင်းယားက ပြောဆိုခဲ့ပါတယ်။ 

မက်ဂွိုင်းယားနဲ့အတူ သူနဲ့ညီအစ်ကိုတွေဖြစ်တဲ့ ဂျိုးမက်ဂွိုင်းယား၊ သူငယ်ချင်းဖြစ်သူ ခရစ္စတိုဖာရှာမန်းတို့လည်း ဆိုင်းငံ့ထောင်ဒဏ်အသီးသီးချမှတ်ခံခဲ့ရပြီး ဒီပြစ်ဒဏ်တွေက ရယ်ချင်စရာပဲလို့ မက်ဂွိုင်းယားက ပြောဆိုခဲ့ပါသေးတယ်။ မက်ဂွိုင်းယားကတော့ ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရအပြီးမှာ အင်္ဂလန်အသင်းလူစာရင်းကနေလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။ 


Share

Loading Next Article...
က္က