ထောင်ဒဏ် ၁ နှစ်ကျခဲ့တာပါ။

ရိုက်တာသတင်းထောက်နှစ်ဦးအဖမ်းခံရတဲ့ကိစ္စမှာ သက်သေအဖြစ်ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ဖော်ဖော်ဝါရီလ ၁ ရက်နေ့မှာ လွတ်မြောက်သွားပြီလို့ သတင်းသွားရောက်ရယူတဲ့ Duwun သတင်းထောက်ကပြောပါတယ်။

Photo - MPA

“ဒီနေ့မနက် ၇ နာရီလောက်က လွတ်ပေးလိုက်တာပါ။ ပုံမှန်ဆို ရုံးချိန်လွှတ်ပေမယ့် စောပြီးလွှတ်လိုက်ပါတယ်။"လို့ Duwun သတင်းထောက်ကပြောပါတယ်။ ဒုတိယရဲမှူးမိုးရန်နိုင်က ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ရိုက်တတာ သတင်းထောက်တွေကို ထောင်ချောက်ဆင်ဖမ်းဆီးဖို့ ရဲမှူးချုပ်တင်ကိုကို ကစေခိုင်းတယ်လို့ တရားရုံးမှာ အမှန်အတိုင်း ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင် မိသားစုဝင်တွေကို ဖိအားတွေပေးမှုတွေဖြစ်ခဲ့ပါတယ်။

Photo - MPA

ဒါအပြင် သူတို့ မိသားစုဝင်တွေနေထိုင်တဲ့ နေပြည်တော် ရဲလိုင်းခန်းကနေ ပြောင်းရွှေ့ပေးခဲ့ရပြီး နေထိုင်စရာ အခက်အခဲတွေပါတွေကြုံခဲ့ရပါတယ်။ ဒုရဲမှူးမိုးရန်နိုင် ရဲ့အမျိုးသမီးဖြစ်သူ တော့ ပြည်သူတွေက သူတို့နေထိုင်ဖို့ ပိုက်ဆံတွေစုပြီး ပေးခဲ့ပေမယ့် လက်မခံခဲ့ပါဘူး။

ဒုရဲမှူးဟာင်းမိုးရန်နိုင်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ ၂၀၁၈ ဧပြီ ၂၇ ရက်မှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၆(ခ)/၂၂ နဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က