ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရမယ့် ပထမဆုံးကနေဒါသားဖြစ်လာတော့မှာပါ။

လိုင်ယွန်ကို ဘိုင်ယန်က ၃ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ဒေးဗီးစ်ဟာ အသင်းနဲ့အတူ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီး သေချာပေါက်ပါဝင်ကစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ 


ဘိုင်ယန်မြူးနစ်အသင်းရဲ့ အစွန်နောက်ခံလူအယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးကစားခွင့်ရရှိမယ့် ကနေဒါကစားသမားဖြစ်လာတော့မှာပါ။ လိုင်ယွန်ကို ဘိုင်ယန်က ၃ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ဒေးဗီးစ်ဟာ အသင်းနဲ့အတူ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီး သေချာပေါက်ပါဝင်ကစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ 

ကနေဒါလက်ရွေးစင်သမိုင်းတစ်လျှောက်မှာလည်း အသက်အငယ်ဆုံးကစားသမားအဖြစ်နဲ့ ပါဝင်ခွင့်ရရှိခဲ့တဲ့ ဒေးဗီးစ်ဟာ ထူးခြားတဲ့မှတ်တိုင်တစ်ခုကို ထပ်မံစိုက်ထူနိုင်တော့မှာလည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် တနင်္ဂနွေနေ့မှာ ပီအက်စ်ဂျီနဲ့ကစားသွားရမှာဖြစ်ပြီး ဒေးဗီးစ်နဲ့ ကိုင်လီယန်ဘတ်ပီတို့ ထိပ်တိုက်တွေ့ဆုံရမှာလည်းဖြစ်ပါတယ်။ 

ဂါနာနိုင်ငံက ဒုက္ခသည်စခန်းမှာ လိုက်ဘေးရီးယားမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ ဒေးဗီးစ်ဟာ အခုအခါမှာတော့ ဥရောပဘောလုံးလောကရဲ့အကြီးမားဆုံး၊ အခမ်းနားဆုံးဗိုလ်လုပွဲတစ်ပွဲကို ဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒုက္ခသည်စခန်းရဲ့မြေကွက်လပ်မှာ ကစားရင်းကြီးပြင်းလာခဲ့တဲ့ ဒေးဗီးစ်အတွက်တော့ မယုံကြည်နိုင်လောက်စရာ ဘောလုံးသမားဘဝခရီးစဉ်လည်းဖြစ်လာခဲ့ပါတယ်။ 


အသက် ၁၉ နှစ်အရွယ်နောက်ခံလူဟာ ကနေဒါကလပ် Whitecaps FC ကနေ ဘိုင်ယန်ကို ၂၀၁၉ မှာ ပြောင်းရွှေ့လာခဲ့ပြီးတော့ လက်ရှိအချိန်မှာ အသင်းကြီးအတွက် ၃၅ ပွဲကစားခဲ့ကာ ၄ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဘာစီလိုနာကို ၈-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ကမ္ဘာ့အဆင့်ဖန်တီးပေးမှုကိုလည်း ပြုလုပ်ပေးနိုင်ခဲ့ပြီး မက်ဆီကိုလည်း အကောင်းဆုံးထိန်းချုပ်ပြနိုင်ခဲ့ပါတယ်။ 


Share

Loading Next Article...
က္က