အရမ်းကို ကျေးဇူးတင်ပြီး ၊ ပိုချစ်မိပါတယ်။

ရွှေရည်သိန်းတန်က ဒုက္ခိတဘဝရောက်နေချိန်မှာ အစစအရာရာ လိုလေသေးမရှိ ပြုစုပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကိုနေလရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သူမဟာ အေးချမ်းသာယာတဲ့ အိမ်ထောင်ရေးဘဝလေးကို ပိုင်ဆိုင်ထားသူပါ။

Photo: Shwe Yee Thein Tan

ရွှေရည်သိန်းတန်ဟာ လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးမှာ အေးချမ်းသာယာမှုတွေ ခံစားနေရတဲ့အကြောင်းပြောပြလာပါတယ်။ ဂရုစိုက်တတ်တဲ့ ခင်ပွန်းရဲ့ ချစ်ခြင်းမေတ္တာကြောင့်လည်း စိတ်ချမ်းသာရတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ အစ်မအတွက်တော့ အိမ်ထောင်တစ်ခုဆိုတာ ထီပေါက်သလိုပါပဲ။ ယောကျ်ားတစ်ယောက်ရဲ့ ဖေးမမှု၊ နားလည်မှု၊ စောင့်ရှောက်မှုတွေက ရွှေရည်တို့ မိန်းမတွေအတွက် ရာခိုင်နှုန်းပြည့်လိုအပ်ပါတယ်။ အစစအရာဖြည့်ဆည်းပေးတဲ့ သူ့ကိုလည်း နေ့တိုင်းကျေးဇူးတင်စကားပြောပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Shwe Yee Thein Tan

အိမ်ထောင်သက်တမ်း တစ်နှစ်ကျော်အကြာမှာတော့ ရွှေရည်သိန်းတန် တစ်ယောက် ကားအက်ဆီးဒင့်ဖြစ်ခဲ့ပါတယ်တဲ့။ ဒီ့အတွက်ကြောင့် အနုပညာအလုပ်တွေနဲ့လည်း ဝေးခဲ့ရသေးတယ်လို့ ‘’တရုတ်မလေးကို ချစ်တယ်’’ ရုပ်ရှင်အထူးပြပွဲကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

 ‘’ စပြီးတော့ ကြိုက်တဲ့အချိန်ရော၊ အိမ်ထောင်စကျတဲ့အချိန်ကရော၊ တစ်နှစ်လောက်အထိ သူ..ငါ့ကို ဒီလောက်အထိ သည်းခံနိုင်မယ်လို့ မထင်ထားဘူး။ အိမ်ထောင်ကျပြီး တစ်နှစ်အကျော်မှာ ရွှေရည်က ကားအက်ဆီးဒင့်ဖြစ်သွားတယ်။ အောက်ပိုင်းသေသွားတာ ၆ လလောက်အထိ အိပ်ရာထဲက မထနိုင်ခဲ့ဘူး’’လို့ ဆိုပါတယ်။

Photo: Shwe Yee Thein Tan

ကျန်းမာရေးမကောင်းတဲ့အချိန်မှာ အစစအရာရာ ဂရုစိုက်တတ်တဲ့ ခင်ပွန်းအပေါ် ရွှေရည်သိန်းတန် တစ်ယောက် အချစ်တွေပိုခဲ့ရပြန်ပါသေးတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

‘’အဲဒီအချိန်မှာ ရွှေရည့်ကို အညစ်အကြေးကအစ၊ အစစအရာရာ ဘေးမှာ နာ့စ်မခေါ်ပဲ သူတစ်ယောက်တည်း လုပ်ပေးခဲ့တာ။ အဲ့ဒီလိုမျိုး သူ့ရဲ့ ဂရုစိုက်မှုတွေ၊ ဒုက္ခိတတစ်ယောက်အပေါ်မှာ စိတ်ဓာတ်မကျအောင် လုပ်ပေးခဲ့တဲ့သူ့ရဲ့ စိတ်ဓာတ်ကို ပိုပြီးတော့လည်း လေးစားတယ်၊ ပိုလည်းချစ်လာတယ်။ ဒုက္ခရောက်မှ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိတာကိုး’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Shwe Yee Thein Tan

ရွှေရည်သိန်းတန်ဟာ ရေဒီယိုခေတ်ဦးကာလက နာမည်ကျော် အဆိုတော်ကြီး တွံတေးသိန်းတန်နဲ့ အဆိုတော် ချစ်စံပယ်တို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ကိုနေလ နဲ့ ရွှေရည်သိန်းတန် တို့ ဇနီးမောင်နှံဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်းမှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့ အချိန်မှာလည်း ရွှေရည်သိန်းတန်က အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ 

Share

Loading Next Article...
က္က