အင်တာနဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

အေစီမီလန်နည်းပြ ပီအိုလီက အသင်းအနေနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ အခွင့်အရေးရှိသေးကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ အေစီမီလန်တို့ မြို့ခံပြိုင်ဘက် အင်တာမီလန်ကို နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။



ဒီပွဲမှာ အေစီမီလန်တို့ အထနှေးခဲ့တယ်ပြောရမှာဖြစ်ပြီး အင်တာမီလန်အတွက် နှစ်ဂိုးလုံးကို ပွဲကစားချိန် (၁၁) မိနစ်အတွင်းမှာတင် ရရှိသွားခဲ့တာပါ။ ဒီဂိုးတွေကိုတော့ အင်တာမီလန် တိုက်စစ်မှူး ဂျက်ကို၊ ကွင်းလယ်တိုက်စစ်ကစားသမား မီခီတာရန်တို့က သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာ ပီအိုလီက “ဒုတိယအကျော့မှာ ပိုကောင်းလာအောင် ကျွန်တော်တို့ ကြိုးစားမှာပါ။ ပြိုင်ဘက်က ဖျက်ထုတ်မှုတွေ၊ Second Ball တွေမှာ ပိုကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒီပွဲက နည်းဗျူဟာပိုင်းအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ဆိုးရွားပါတယ်။ ဒုတိယအကျော့ကျရင် အခုပွဲ ဒုတိယပိုင်းက ခံယူချက်နဲ့ စတင်ဖို့ လိုအပ်ပါတယ်”

“ကျွန်တော်တို့ ဒီပွဲမှာတင် ပြန်လာနိုင်ဖို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒုတိယအကျော့မှာ ဒီနေ့ညနဲ့ မတူကွဲပြား စွမ်းဆောင်ရည်မျိုးကို သေချာပေါက် ပြသရမှာပါ။ ကစားသမားတွေအတွက် အခုချိန်မှာ စိတ်ပျက်စရာဖြစ်နေမှာပါ။ ဒါပေမယ့် ဒုတိယအကျော့မှာ ပြန်လာနိုင်တယ်ဆိုတာကိုလည်း သူတို့ သိထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အေစီမီလန်ကတော့ (၂၀၀၇) ခုနှစ်နောက်ပိုင်း ဥရောပချန်ပီယံဆုအိပ်မက်ကို ဆက်လက်မက်လိုတယ်ဆိုရင်တော့ ဒုတိယအကျော့မှာ အင်တာမီလန်ကို မဖြစ်မနေ အနိုင်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအနေအထားအရတော့ ခက်ခဲနေပြီလို့ဆိုရမှာပါ။ 

Share

Loading Next Article...
က္က