ပရဟိတဖောင်ဒေးရှင်းကို လွှဲပြောင်းပေးခဲ့တာပါ။

ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေးရိုမန်အေဘရာမိုဗစ်ဟာ အသင်းအုပ်ချုပ်မှုအပိုင်းကို Charitable Foundation ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တရားဝင်သတင်းထုတ်ပြန်သွားခဲ့ပါတယ်။ ကလပ်အသင်းဝက်ဘ်ဆိုက်မှာလည်း ဒီသတင်းကို ဖော်ပြထားခဲ့ပြီး အဆိုပါဖောင်ဒေးရှင်းမှာ ယုံကြည်စိတ်ချရသူတွေအဖြစ် လူပုဂ္ဂိုလ် ၆ ဦးအထိ ရှိတယ်လို့ သိရပါတယ်။

အေဘရာမိုဗစ်ရဲ့ ထုတ်ပြန်ချက်မှာတော့ "ချဲလ်ဆီးအသင်းကို အနှစ် ၂၀ နီးပါး ပိုင်ဆိုင်လာချိန်မှာတော့ ကလပ်ရဲ့ စောင့်ထိန်းသူတစ်ယောက်အနေနဲ့ ကျနော့်ရဲ့ အခန်းကဏ္ဍကို အမြဲရှုမြင်ခဲ့ပြီး အဲဒီ့အလုပ်က ယနေ့ကျနော်တို့လုပ်နိုင်သလောက် အောင်မြင်နေစေတဲ့အပြင် အနာဂတ်အတွက်ပါ တည်ဆောက်ပေးမှာပါ။ ကျနော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကျနော်ကတော့ ကလပ်ရဲ့ ဆုံးဖြတ်ချက်တွေကို စိတ်ဝင်တစားနဲ့ အကောင်းဆုံး ချမှတ်ခဲ့ပါတယ်"


"ဒီတန်ဖိုးတွေကို ကျွန်တော် ဆက်ပြီး ကတိပြုပါတယ်။ ဒါကြောင့်လည်း ဒီနေ့အထိ ချယ်လ်ဆီးအသင်းရဲ့ ပရဟိတဖောင်ဒေးရှင်းကို အုပ်ချုပ်မှုနဲ့ စောင့်ရှောက်မှုပေးနေတာ ဖြစ်ပါတယ်၊ လက်ရှိအချိန်မှာ သူတို့ဟာ ကလပ်အသင်း၊ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေရဲ့ အကျိုးစီးပွားကို ဂရုစိုက်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ ပါရှိခဲ့ပါတယ်။ ၂၀၀၃ မှာ ချယ်လ်ဆီးကို သူ ဝယ်ယူခဲ့ပြီးနောက် ကလပ်အသင်းကလည်း ဦးမော့လာခဲ့ပြီး အောင်မြင်မှုတွေအများအပြားရယူနိုင်ခဲ့ပါတယ်။ 

သူ့ရဲ့အခုလိုမျိုးလုပ်ဆောင်မှုဟာ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားကို ပိတ်ဆို့ဒဏ်ခတ်မှုတွေက ကလပ်အသင်းအပေါ်မှာပါ ထိခိုက်မှုတွေရှိလာနိုင်တာကြောင့် ဖြစ်တယ်လို့လည်း Daily Mail က သုံးသပ်ခဲ့ပါတယ်။ ရုရှားသမ္မတပူတင်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေအပေါ်မှာ နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်မှုတွေပြုလုပ်နေခဲ့ရာမှာ ပူတင်နဲ့ရင်းနှီးတဲ့ အေဘရာမိုဗစ်ကလည်း ပစ်မှတ်တခုဖြစ်လာဖွယ်ရှိနေခဲ့ပါတယ်။

လက်ရှိမှာ ဗြိတိန်က သူ့ကို အမြဲတမ်းနေထိုင်ခွင့်မပေးဖို့ တားမြစ်ထားပြီး အစ္စရေးပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ ရုရှားသူဌေးဟာ အသင်းကို အနီးကပ်ကြီးကြပ်မှုတ​ွေမပြုလုပ်နိုင်ခဲ့ဘဲ ဗြိတိန်ပြင်ပကနေသာ ညွှန်ကြားနေခဲ့ရတာဖြစ်ပါတယ်။ အေဘရာမိုဗစ်က သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကြွယ်၀မှုတွေဟာ ပူတင်နဲ့ ပတ်သက်ဆက်နွယ်မှုမရှိဘူးလို့ ငြင်းဆိုထားခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က