Marca က ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ အချိန်ကိုက် ပြန်လာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့ကတည်းက ဘာပြဿနာမှမရှိဘဲ လေ့ကျင့်ရေးဆင်းနေခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားဟာ အာဂျင်တီနားနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ရွေးချယ်ခံနိုင်တဲ့အခြေအနေမှာရှိနေပြီး တနင်္ဂနွေနေ့မှာ ပါဝင်ကစားပေးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ဘလွန်ဒေါဆုရှင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဘယ်ဖက်ပေါင်ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပြင်သစ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့သူဖြစ်ပေမယ့် ဒက်စ်ချမ့်ရဲ့ ဝှက်ဖဲကြောင့် ကာတာက ဗိုလ်လုပွဲမှာ ပြန်မြင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ ဘန်ဇီးမားဟာ ပြင်သစ်ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မတိုင်မီ ဒဏ်ရာရရှိသွားခဲ့ပြီးနောက် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့ ၃ ပတ်အထိ ကြိုးစားလုပ်ဆောင်နေခဲ့တာဖြစ်ပြီး Marca က ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ အချိန်ကိုက် ပြန်လာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့ကတည်းက ဘာပြဿနာမှမရှိဘဲ လေ့ကျင့်ရေးဆင်းနေခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ပြင်သစ်နည်းပြ ဒက်စ်ချမ့်ဟာ ကာရင် ဘန်ဇီးမားရဲ့ ပြင်သစ်အသင်းက နေရာမှာ အစားထိုးခေါ်ယူမှုမျိုး ဘယ်တုန်းကမှ မလုပ်ဆောင်ခဲ့တဲ့အတွက် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကို လိုအပ်လို့ ခေါ်ယူခဲ့မယ်ဆိုရင် ပြင်သစ်လူစာရင်းထဲကို အံ့အားသင့်ဖွယ် ပြန်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနားနဲ့ပွဲစဉ်မှာ ဘန်ဇီးမား ပွဲထွက်ပါဝင်လာနိုင်ခြေရှိတာကြောင့် ယခုကမ္ဘာ့ဖလားမှာ ပြင်သစ်အတွက် အကောင်းဆုံးပုံစံပြသနေတဲ့ ဝါရင့်တိုက်စစ်မှူး အိုလီဗီယေး ဂျီရူးကတော့ ချန်လှပ်ခြင်းခံခဲ့ရလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး အေစီမီလန်တိုက်စစ်မှူးဟာ အသင်းအတွက် ၄ ဂိုးအထိ သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ပုံမှန်ခြေစွမ်း ရရှိနေခဲ့တာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ အာဂျင်တီးနားနဲ့ကစားရမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပွဲထွက်ပါဝင်ကစားပေးသွားဖို့ ပြင်ဆင်နေပုံပေါ်ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီပြိုင်ပွဲစုံမှာ ၄၄ ဂိုးအထိ သွင်းယူခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ဘလွန်ဒေါဆုရှင်ကလည်း ပါဝင်ကစားပေးဖို့ စောင့်ဆိုင်းနေပုံပေါ်ပါတယ်။ 

Share

Loading Next Article...
က္က