အသင်းဆရာဝန်ကတော့ စောင့်ကြည့်ရဥိးမယ်လို့သာ ပြောဆိုခဲ့ပါတယ်။

ဆာဘီးယားနဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး လူစားလဲလှယ်ခံရတဲ့နောက် နေမာတယောက် အရန်ခုံတန်းမှာ မျက်ရည်တွေကျနေခဲ့ပါတယ်။ ဘရာဇီးလ်နဲ့အတူ သူ့အတွက် ပထမဆုံးကမ္ဘာ့ဖလားကို ရယူဖို့ ရည်မှန်းထားတဲ့ နေမာဟာ ဒီဒဏ်ရာကြောင့် ပွဲကစားချိန် ၈၀ မိနစ်မှာ အန်တိုနီနဲ့ လူစားလဲလှယ်ခံခဲ့ရပြီး အရန်ခုံတန်းမှာ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။ 

ဓာတ်ပုံမှတ်တမ်းတွေအရ နေမာရဲ့ ညာဘက်ခြေထောက်ခြေကျင်းဝတ်မှာ ကြီးမားတဲ့အလုံးကြီးဖြစ်နေတာကို မြင်တွေ့ရပြီး ဒဏ်ရာက နည်းနည်းတော့ ပြင်းထန်တယ်လို့ ယူဆရပါတယ်။ ပရိသတ်တွေကတော့ ခြေကျင်းဝတ်လည်သွားတာမျိုးပဲ ဖြစ်ပါစေလို့ မျှော်လင့်နေကြပြီး လာမယ့်ပွဲတွေမှာ နေမာ ဆက်လက်ပါဝင်ကစားနိုင်ဖို့အတွက်လည်း ဆုတောင်းပေးနေကြပါတယ်။ 

Daily Mail ရဲ့ ဖော်ပြချက်အရ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ပွဲပြီးဆုံးခဲ့လို့ အသင်းဘတ်စ်ကားဆီ သွားချိန်မှာ ဘယ်လိုမျိုးအကာအကွယ်ပြုလုပ်ထားတာမျိုးမှမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နေမာရဲ့ ဒဏ်ရာက ထင်မှတ်ထားသလောက် မဆိုးရွားဘူးလို့ ယူဆရပြီး သူ့ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာသတင်းတခုဖြစ်လာခဲ့ပါတယ်။ 

"နေမာက ညာဘက်ခြေကျင်းဝတ်မှာ ဒဏ်ရာရခဲ့တာပါ" လို့ ဘရာဇီးလ်အသင်းဆရာဝန်ရိုဒရီဂိုလာစမာက ပြောဆိုခဲ့ပါတယ်။ "အရန်ခုံမှာ သူ့ကို ကုသပေးမှု ချက်ချင်းလုပ်ပေးခဲ့ပါတယ်၊ ရုပ်ပိုင်းဆိုင်ရာကုထုံးနဲ့ဆိုရင် ၂၄ နာရီကနေ ၄၈ နာရီအထိ စောင့်ရမှာပါ၊ ကျနော်တို့ MRI ကို မစီစဉ်ထားပါဘူး၊ မနက်ဖြန်မှာ အကဲဖြတ်မှုအသစ်လုပ်ပြီးတော့မှ မှတ်ချက်ပေးလို့ရပါလိမ့်မယ်" လို့ ဆိုပါတယ်။ 

နေမာဟာ အဆိုပါဒဏ်ရာရရှိပြီးနောက် ၁၁ မိနစ်ခန့် ဆက်လက်ကစားနေခဲ့တာဖြစ်ပါတယ်။ နေမာရဲ့ အသင်းဖော်ရိုဒရိုင်ဂိုကတော့ သူ့ရဲ့ စီနီယာကစားသမားဟာ ခြေကျင်းဝတ်လည်သွားတယ်လို့ သူ့ကိုပြောဆိုခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ 

Share

Loading Next Article...
က္က