အသင်းဖော်ကိုထိုးကြိတ်ခဲ့တဲ့ မာနေးကို ဘိုင်ယန်ဘက်က စိတ်ပျက်နေပါတယ်။

အသင်းဖော်ဆာနေးနဲ့ ထိုးကြိတ်တဲ့အထိ ပြသနာတက်ခဲ့တဲ့ ဆာဒီယိုမာနေးကို ဘိုင်ယန်မြူးနစ်က စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေပြီလို့ သတင်းတွေထွက်လာပါတယ်။ မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီး အဝတ်လဲခန်းအတွင်းမှာ မာနေးနဲ့ ဆာနေးတို့ ပြသနာတက်ခဲ့ကြကာ မာနေးရဲ့ လက်သီးချက်ကြောင့် ဆာနေး နှုတ်ခမ်းကွဲခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း ဒီနေ့ပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို သူတို့နှစ်ဦးစလုံးရောက်ရှိခဲ့ပြီး မာနေးကို ပြုံးပြုံးရွှင်ရွှင်နဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဆာနေးကတော့ မြူးနစ်ကို အပြန်မှာ သူ့ရဲ့ နှုတ်ခမ်းဒဏ်ရာကို လူမြင်မှာစိုးလို့ ပါးစပ်ကြီးစေ့ပြီးတော့ ဘတ်စ်ကားပေါ်တက်သွားခဲ့တာကို Sky Sports က ပြသခဲ့ပါတယ်။ 

ဒီဖြစ်ရပ်နောက်ဆက်တွဲအဖြစ် မာနေးကို စာချုပ်ဖျက်သိမ်းဖို့အတွက် ဘိုင်ယန်ဘက်ကစဉ်းစားနေပြီလို့ Daily Mail က ဆိုပါတယ်။ အသင်းဖော်တွေရှေ့မှာ မာနေးဘက်က တောင်းပန်မှုတ​ွေ ပြုလုပ်ရမယ်လို့လည်း မျှော်လင့်ရပြီး လက်ရှိအခြေအနေတွေကို ဘိုင်ယန်ဘက်က တစုံတရာပြောဆိုခြင်းမရှိသေးပါဘူး။ 

မာနေးရဲ့ လုပ်ရပ်အပေါ် ဘိုင်ယန်ကစားသမားတွေက အံ့အားသင့်နေကြပြီး အထူးသဖြင့် မန်စီးတီးနဲ့ပွဲမှာ ဆာနေးက ဘိုင်ယန်အတွက် အကောင်းဆုံးကစားပေးခဲ့တဲ့သူတွေထ​ဲက တဦးဖြစ်နေခဲ့လို့လည်း ပိုမိုအံ့အားသင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ပြီးနောက် မြူးနစ်မှာ မာနေးက အကြာကြီးဆက်ရှိနေမှာမဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 


နည်းပြတူချယ်လ်က အဆိုပါကစားသမားနှစ်ဦးနဲ့ တွေ့ဆုံကာ မျက်နှာချင်းဆိုင် ဆွေးနွေးဖြေရှင်းသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က