ယူနိုက်တက် ပရီးမီးယားလိဂ်ဖလားမရတဲ့ အချက်ကို ထည့်ပြောခဲ့တာပါ။

ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာက ယူနိုက်တက်မှာ ဂျူဗင်တပ်စ်ကလောက် အချစ်မခံရဘူးလို့ ပြောကြားပြီး ယူနိုက်တက်ပရိသတ်တွေကို ထိုးနှက်သွားခဲ့ပါတယ်။ ယူနိုက်တက် အကယ်ဒမီထွက် တစ်ယောက်ဖြစ်တဲ့ ပေါ့ဘာဟာ အသင်းကနေ နှစ်ကြိမ်တိုင်တိုင် ထွက်ခွာသွားခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။



ဖာဂူဆန်လက်ထက်မှာ ပေါ့ဘာကို ယူနိုက်တက်တို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်ထံ လက်လွှတ်ခံလိုက်ပါတယ်။ အဲ့ဒီနောက် မော်ရင်ဟိုလက်ထက်မှာတော့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးတွေထဲ အပါအဝင်ဖြစ်တဲ့ ငွေကြေးပမာဏကို အသုံးပြုပြီး ပေါ့ဘာကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာလည်း ပေါ့ဘာက ယူနိုက်တက်မှာ အဆင်မပြေခဲ့ဘဲ ပရိသတ်တွေရဲ့ မျက်မုန်းကျိုးခြင်းကို ခံရကာ ဂျူဗင်တပ်စ်ကိုသာ ပြန်လည် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီအခြေအနေတွေအပေါ်မှာ ပေါ့ဘာက “ယူနိုက်တက်ကနေ စတင်ထွက်ခွာတဲ့အချိန်မှာ ကျွန်တော် ငယ်သေးတယ်၊ တစ်ခုခုကို သက်သေပြချင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကို လာခဲ့တာက ကျွန်တော့်အတွက် ကြီးမားတဲ့ စမ်းသပ်မှုပဲ”

“ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ပရိသတ်တွေက ကျွန်တော့်ကို ချစ်ခင်ခဲ့ကြပြီး ဒီအသင်း ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို သဘောကျခဲ့သလို အများကြီးလည်း သင်ယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကို ပြန်လာတာ ကျွန်တော် လုပ်စရာရှိတာတွေ မပြီးသေးလို့ပါ။ ကျွန်တော်တို့ ဆုဖလားတွေရခဲ့ပါတယ်။ ပရီးမီးယားလိဂ်တော့ မပါဘူးပေါ့။ ဒါပေမယ့် အဲ့ဒီဖလားကလည်း ယူနိုက်တက်တို့ မရတာ ကြာပါပြီ”

“ပြီးတော့ ကျွန်တော် ဂျူဗင်တပ်စ်ကို ပြန်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းနဲ့ ပရိသတ်တွေဆီက ရတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်ပါ။ ဒါမျိုးကို ကျွန်တော် မန်ချက်စတာမှာ မရခဲ့ပါဘူး။ အင်္ဂလန်ကို ပြန်ရောက်ခဲ့တုန်းက ကျွန်တော်ပဲ ခေါင်းစီးတပ်ခံခဲ့ရတာပါ။ ဒါက အတော်လေး ဝမ်းနည်းဖို့ကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပေါ့ဘာဟာ ဂျူဗင်တပ်စ်ကို ပြန်လည်ရောက်ရှိကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ဒါဟာ သူတို့ကို အမြင်စောင်းခဲ့လို့ အခုလိုဖြစ်တာလို့ ယူနိုက်တက်ပရိသတ်တွေက ယုံကြည်နေကြပါတယ်။ 

Share

Loading Next Article...
က္က