ရော်နယ်ဒိုရဲ့ပြေးအားကို အားလုံးက အံ့အားသင့်စွာ ချီးကျူးခဲ့ရတာပါ။

မနေ့က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ ယူနိုက်တက်တို့ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပွဲပြီးခါနီးမှာ ရော်နယ်ဒိုတယောက် ဒဏ်ရာပြဿနာ အနည်းငယ်ခံစားခဲ့ရတယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် အကောင်းဆုံး ဂိုးသွင်းခြေစွမ်းပြခဲ့ပြီး ပင်နယ်တီတဂိုးအပါအဝင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့တာပါ။



ဒီပွဲရဲ့ ပွဲကစားချိန် (၈၈) မိနစ်မှာတော့ နည်းပြကာရစ်က ရော်နယ်ဒိုကို မာစီရယ်လ်နဲ့ လူစားလဲခဲ့ရပြီး ရော်နယ်ဒိုဆီမှာ ဒဏ်ရာပြဿနာ အနည်းငယ်ခံစားခဲ့ရပုံပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဥ်မှာ ရော်နယ်ဒိုက အာဆင်နယ်ရဲ့ ထောင့်ကန်ဘောကို ယူနိုက်တက်နောက်တန်းအထိ ဆင်းကာကွယ်ခဲ့ပြီး ဆန်ချိုရဲ့ တန်ပြန်တိုက်စစ်ကတဆင့် တိုက်စစ်ကို ပြန်ပြေးလိုက်ခဲ့တာပါ။

ဆန်ချိုရဲ့ ဖန်တီးမှုကို ဘရူနိုဖာနန်ဒက်စ်က အပိုင်ကန်ခဲ့ပေမယ့် အာဆင်နယ်နောက်ခံလူ တိုမီယာဆုက အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပြီး ရော်နယ်ဒိုဆီ ဘောလုံးမရောက်ခဲ့ပေမယ့် ပရိသတ်တွေကတော့ အရွယ်နဲ့ မလိုက်တဲ့ ရော်နယ်ဒိုရဲ့ ပြေးအားကို ချီးကျူးနေကြတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီအတွက် (၁၂) စက္ကန့်သာကြာအောင် ပြေးလွှားခဲ့တာဖြစ်ပြီး အမှန်တကယ် ဒဏ်ရာပြဿနာရှိနေရင်းနဲ့သာ ပြေးလွှားခဲ့တယ်ဆိုရင်တော့ တော်တော်လေး ချီးကျူးရမယ့်ကိစ္စပါ။ Amazon Prime Sport ရဲ့ တွဲဖက်ကြေညာသူ မက်ကွိုက်စ်က “ရော်နယ်ဒိုလုပ်သွားတာကို ကျနော့်မျက်လုံးထဲကတောင် မထွက်ဘူးဗျာ”

“ဘယ်လောက်တောင် ကောင်းလိုက်တဲ့ တန်ပြန်တိုက်စစ်ကြီးလဲ။ သူက ကွင်းထဲမှာ ခံစစ်ကစားနေရချိန် တိုက်စစ်ပြန်လိုက်ဖို့ တက္ကစီတစီးငှားဖို့ လိုအပ်မယ်တောင် ကျနော်ကထင်ခဲ့တာပါ။ ဒါပေမယ့် သူကတော့ လည်ပင်းတွေကျိုးမတတ်ကို အသားကုန်ညှစ်ပြေးသွားတာပဲ” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လူစားလဲခံရပြီးပြီးချင်း အသင်းရဲ့ထောင့်ကန်ဘောကို စက္ကန့်အနည်းငယ်ကြာ စောင့်ကြည့်ခဲ့ပေမယ့် အဲ့ဒီနောက်မှာတော့ အဝတ်လဲခန်းထဲကို ချက်ချင်းပြေးဝင်သွားခဲ့တဲ့အပေါ်မှာလည်း ပရိသတ်တွေက ပဟေဠိဖြစ်ခဲ့ရပါသေးတယ်။ 

Share

က္က