မန်ဒီ ရင်ဆိုင်ရမယ့် မုဒိမ်းမှုက (၆) မှုအထိရှိလာခဲ့တာပါ။

မန်စီးတီး ဘယ်နောက်ခံလူ မန်ဒီဟာ မုဒိမ်းမှုနဲ့ ထောင်ထဲရောက်နေတာဖြစ်ပြီး သူ့အနေနဲ့ လက်ရှိအချိန်မှာ စွဲချက်တင်ခံထားရတဲ့ မုဒိမ်းမှုက (၆) မှုအထိ ရှိလာခဲ့ပြီလို့ နောက်ဆုံးရသတင်းတွေက ဖော်ပြခဲ့ပါတယ်။ မန်ဒီဟာ ဒဏ်ရာပြဿနာတွေနဲ့ အမြဲလိုလို ရုန်းကန်နေကျ ကစားသမားဖြစ်ပြီး ကွင်းပြင်ပ သူ့ရဲ့အပြုအမူ အကျင့်စရိုက်တွေကလည်း တော်တော်လေးကို ပြဿနာရှိနေတာပါ။



မန်ဒီအနေနဲ့ ပြီးခဲ့တဲ့ (၂၀၂၀)၊ အောက်တိုဘာကနေ (၂၀၂၁) သြဂုတ်အတွင်း မတူညီတဲ့အမျိုးသမီး (၄) ယောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် အမှု (၄) မှုနဲ့ စွဲချက်တင်ဖမ်းဆီးခံခဲ့ရပြီး မန်စီးတီးကလည်း ဒီလိုစွဲချက်တင်ခံရပြီးပြီးချင်းမှာတင် အသင်းရဲ့ ကစားသမားအဖြစ်ကနေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ပေါင် (၅၂) သန်းတန် ဒီကစားသမားဟာ လက်ရှိအချိန်မှာတော့ လီဗာပူးမြို့မှာရှိတဲ့ အကျဥ်းထောင်မှာ ချုပ်နှောင်ခံထားရပါတယ်။ အဲ့ဒီအကျဥ်းထောင်ကို ရောက်ရှိချိန်မှာလည်း မန်ဒီက အခြားသော အထူးပုဂ္ဂိုလ်တွေလိုမျိုး သီးသန့်နေခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တာဝန်ရှိသူတွေက ငြင်းဆန်ခဲ့တာကြောင့် စိတ်ပျက်နေရတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့သေးတာပါ။

လက်ရှိထပ်တိုးလာတဲ့ အမှုနှစ်မှုကတော့ အသက် (၄၀) အရွယ် မတ်တူရီနဲ့ အတူ ထပ်တိုးခဲ့တာဖြစ်ပြီး မတ်တူရီကလည်း ဆီရီယာလီယွန်က ကစားသမားဖြစ်တယ်လို့ သိရပါတယ်။

ဒီအမှုတွေကို တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဘက်ကလည်း မန်ဒီကို နောက်ထပ်မုဒိမ်းမှု (၂) ခုနဲ့ ထပ်မံစွဲချက်တင်တာကို အတည်ပြုပေးခဲ့ပြီး လက်ရှိအနေအထားအရတော့ မန်ဒီတစ်ယောက် သေချာပေါက် ထောင်နန်းစံရမယ့်ကိန်းရှိနေပါပြီ။ မန်ဒီကျူးလွန်ခဲ့တဲ့ အမျိုးသမီးတွေထဲမှာ အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်လေးတစ်ယောက်လည်းပါဝင်ပါတယ်။

မန်ဒီဟာ ရှေ့က မုဒိန်းမှု (၄) ခုအတွက်လည်း ကြားနာစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပြီး မန်စီးတီးရဲ့ ဂျာစီအရောင်းဆိုင်မှာလည်း မန်ဒီရဲ့ကျောနံပါတ်နဲ့ နာမည်ပါဝင်တဲ့ ဂျာစီ ရောင်းချမှုကို ရပ်ဆိုင်းထားတယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က