ဂျူဗီနဲ့ ကစားသမားအတွက် စိတ်ပျက်စရာသတင်းပါပဲ။

ပြင်သစ်ကွင်းလယ်လူပေါလ်ပေါ့ဂ်ဘာဟာ သူ့ရဲ့ကလပ်အသင်းဖြစ်တဲ့ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အတွက် လေ့ကျင့်ခန်းဆင်းနေချိန်မှာ ကြွက်သားဒဏ်ရာထပ်မံရရှိသွားခဲ့လို့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သေချာပေါက်လွဲချော်သွားခဲ့ပါပြီ။ ကစားသမားရဲ့ အ​ေးဂျင့်ဖြစ်သူက အတည်ပြုပြောဆိုခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်နဲ့ ကစားသမားအတွက်တော့ စိတ်ပျက်စရာကောင်းတဲ့ သတင်းဖြစ်ခဲ့ပါတယ်။ 

ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ နောက်တကြိမ်ပြောင်းရွှေ့သွားတဲ့ ပေ့ါဂ်ဘာဟာ ရာသီအစမှာပဲ ဒူးဒဏ်ရာခွဲစိတ်ကုသမှုကို ခံယူခဲ့ရပါတယ်။ အဆိုပါဒဏ်ရာကြောင့် အသင်းအတွက် တပွဲမှ ကစားပေးနိုင်ခြင်းမရှိသေးဘဲ အနားယူနေရတာဖြစ်ပြီး ပြန်လည်သက်သာလာချိန် လေ့ကျင့်ခန်းဆင်းရာမှာ ကြွက်သားဒဏ်ရာရရှိခဲ့တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။ 

 ပြင်သစ်အတွက်ကလည်း အခြားကွင်းလယ်လူအန်ဂိုလိုကန်တေကို လက်လွှတ်ထားရချိန်မှာ ပေါ့ဂ်ဘာကိုပါ ထပ်မံဆုံးရှုံးရမှာမို့ သူတို့ရဲ့ ခံစစ်တန်းဟာ ကွင်းလယ်မှာ ကန်တေနဲ့ ပေါ့ဂ်ဘာမပါ၀င်တဲ့ အခြေအနေကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဆိုပါ ကစားသမားနှစ်ဦး ပါဝင်ခြင်းမရှိခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာ ပြင်သစ်တို့ ရလဒ်တွေဆိုးရွားခဲ့ပြီး လာမယ့်ကမ္ဘာ့ဖလားမှာလည်း အလားတူဖြစ်ရပ်တွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။ 

ပေါ့ဂ်ဘာရဲ့ အေးဂျင့်​ ရာဖေးလ်ပီမန်တာက "သူက အမြန်ဆုံးပြန်လာချင်နေပေမယ့် စိတ်ရှည်သည်းခံရဦးမှာပါ၊ ဒီလိုခက်ခဲတဲ့အချိန်တွေမှာ သူ ပိုကြိုးစားရပါလိမ့်မယ်၊ သူ့အသင်းနဲ့ ပရိသတ်တွေအတွက် ကွင်းထဲမှာ အကောင်းဆုံးကစားပေးနိုင်ဖို့ သူ ကြိုးစားသွားမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ဒီရာသီမှာ ရာသီကြိုခြေစမ်းပွဲပဲ ကစားထားရသေးတာဖြစ်ပါတယ်။


Share

က္က