လေ့ကျင့်ရေးကွင်းမှာ အမ်ဘာပေကို ဂွေယီက ဖျက်ထုတ်ခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေဟာ မနေ့က လေ့ကျင့်ရေးကွင်းမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် မနက်ဖြန်ညမှာ ကစားမယ့် ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်အရေးကြီးပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ရေး အဆုံးအဖြတ်ပွဲစဥ်အဖြစ် ရီးရဲယ်မက်ဒရစ်ကွင်းမှာ ရှုံးထွက် ဒုတိယအကျော့အဖြစ် သွားရောက်ရင်ဆိုင်ရမှာပါ။



ပထမအကျော့မှာ ပီအက်စ်ဂျီတို့ ရီးရဲယ်မက်ဒရစ်ကို တဖက်သတ် ဖိကစားနိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှ အမ်ဘာပေရဲ့ တလုံးတည်းသော သွင်းဂိုးကိုရရှိခဲ့တာကြောင့် အခုလိုမျိုး ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ရီးရဲယ်မက်ဒရစ်နဲ့ မကစားခင် နောက်ဆုံးပွဲအဖြစ် နိုက်စ်နဲ့ ရင်ဆိုင်တဲ့ပွဲမှာလည်း အမ်ဘာပေ မပါဝင်ခဲ့ဘဲ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အမ်ဘာပေကို လေ့ကျင့်ရေးကွင်းမှာ ဖျက်ထုတ်ခဲ့တဲ့ ကစားသမား အသင်းဖော် ကွင်းလယ်လူ ဂွေယီဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက အမ်ဘာပေကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ ဂွေယီနဲ့ သူ့ရဲ့ဇနီးကို ဆိုးဆိုးရွားရွား ပြောဆိုမှုတွေ ပြုလုပ်လာတာကြောင့် ဂွေယီတို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ အင်စတာဂရမ်အကောင့်တွေမှာ ကောမန့်ပေးခွင့်ကို ကန့်သတ်ခဲ့ရပါတယ်။

ဒါပေမယ့် အမ်ဘာပေကတော့ ဂွေယီကို အပြစ်မတင်ဘဲ သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ ဂွေယီနဲ့ နှစ်ယောက်အတူ အောင်ပွဲခံနေပုံကို တင်ထားခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေက ဂွေယီကို Tag တွဲကာ “အားလုံးက အမြဲတမ်း အတူတကွ တသားတည်းရှိနေပါတယ်။ ဒါဟာ ပဲရစ်ပါ” လို့လည်း ရေးသားထားခဲ့ပါတယ်။

အမ်ဘာပေရဲ့ဒဏ်ရာက အရမ်းမပြင်းထန်ဘူးလို့လည်း သိရှိရပြီး မနက်ဖြန် ကစားမယ့် ရီးရဲယ်မက်ဒရစ်နဲ့ပွဲမှာ ပါဝင်နိုင်၊ မပါဝင်နိုင်ဆိုတာကိုတော့ ပွဲကစားချိန်မှပဲ အတိအလင်း သိရဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က