၆ ပတ်ကြာ အနားယူရဖွယ်ရှိနေပါတယ်။

ဒီဒဏ်ရာကို အီတလီနဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ဆီမိးဖိုင်နယ်မှာ ရရှိခဲ့တာဖြစ်ပြီး ပြင်သစ်နဲ့ဗိုလ်လုပွဲမှာ ဒဏ်ရာရှိနေလျက်နဲ့ ဝင်ရောက်ကစားပေးခဲ့တယ်လို့လည်း သိရပါတယ်။


မန်ချက်စတာစီးတီးအတွက် ဒီရာသီမှာခြေစွမ်းပြကစားနေပြီး ဂွာဒီယိုလာရဲ့ ဦးစားပေးမှုကို ရရှိနေတဲ့ စပိန်တိုက်စစ်ကစားသမားဖာရန်းတောရက်စ်ဟာ ခြေဖနောင့်ကျိုးဒဏ်ရာကြောင့် ၆ ပတ်ကြာအနားယူရဖွယ်ရှိတယ်လို့ ကစားသမားနဲ့နီးစပ်သူတွေက Goal.com ကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒါဟာ မန်စီးတီးအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပြီး တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေရှိလာတော့မှာဖြစ်ပါတယ်။



ဂါဘရီရယ်ဂျီးဆပ်တစ်ဦးသာ တိုက်စစ်မှူးအဖြစ် မန်စီးတီးမှာရှိနေချိန် ဖာရန်းတောရက်စ်က ခြေစွမ်းပြကစားနေကာ အသင်းအတွက်ဂိုးတွေသွင်းယူပေးနေတာဖြစ်ပါတယ်။ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၇ ပွဲကစားပြီး ၃ဂိုးအထိ တောရက်စ်က သွင်းယူပေးထားကာ လက်ရွေးစင်အသင်းအတွက် ဒီနှစ်အတွင်း ၁၅ ပွဲကစားပေးခဲ့ပြီး ၈ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ 

သူဟာ ဒီဒဏ်ရာကို အီတလီနဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ဆီမိးဖိုင်နယ်မှာ ရရှိခဲ့တာဖြစ်ပြီး ပြင်သစ်နဲ့ဗိုလ်လုပွဲမှာ ဒဏ်ရာရှိနေလျက်နဲ့ ဝင်ရောက်ကစားပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒဏ်ရာကြောင့် အနားယူရမယ်ဆိုရင်တော့ သူဟာ ကလပ်ဘရုဂ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်အိမ်ကွင်း၊ အဝေးကွင်းနှစ်ပွဲကိုလွဲချော်မှာဖြစ်သလို မန်ချက်စတာယူနိုက်တက်နဲ့ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် မန်ချက်စတာဒါဘီကိုပါ လွဲချော်တော့မှာဖြစ်ပါတယ်။ 

အသက် ၂၁ နှစ်အရွယ် စပိန်ကစားသမားဟာ မန်စီးတီးမှာ တိုက်စစ်မှူးပုံစံကစားပေးနေတာဖြစ်ပြီး သူ မပါဝင်နိုင်ပါက တောင်ပံတိုက်စစ်နေရာမှာ ခြေစွမ်းပြနေတဲ့ ဂျီးဆပ်ကို တိုက်စစ်မှူးအဖြစ် ဂွာဒီိယိုလာက ပြောင်းလဲအသုံးပြုလာဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ဂျီးဆပ်ကလည်း ဘရာဇီးလ်နဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဝင်ကစားပေးနေလို့ ဘန်လေနဲ့ပွဲမတိုင်ခင် ၃၆ နာရီသာ အချိန်ရမှာဖြစ်လို့ ဂွာဒီယိုလာအတွက် ဘေးကျပ်နံကျပ်အခြေအနေဖြစ်လာဖို့ ရှိနေပါတယ်။ 

Share

က္က