ပါရီဒက်စ်တို့ကတော့ မက်ဆီအကြောင်း နပ်နေပါပြီ။

မက်ဆီကတော့ အာဂျင်တီးနားလေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေအားလုံးကို စိုးရိမ်သွားအောင် နောက်ပြောင်မှုတွေလုပ်ခဲ့ပါတယ်။ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်နေတုန်း မက်ဆီက ဒဏ်ရာရရှိသွားဟန်ဆောင်ခဲ့တာပါ။ သူ့ရဲ့ တင်ပါးအောက်နားကို မက်ဆီက လက်နဲ့ကိုင်နေခဲ့ပြီး ဒဏ်ရာရရှိဟန်လုပ်ခဲ့တာပါ။ 

အာဂျင်တီးနားကတာ့ ကာတာကို ရောက်ရှိနေပြီဖြစ်ကာ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်လေ့ကျင့်မှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် မက်ဆီက အသင်းကို ဦးဆောင်မှာဖြစ်ပြီး နေ့လည်ခင်း လေ့ကျင့်ခန်းဆင်းနေချိန်မှာ မက်ဆီက နောက်ပြောင်ခဲ့ပြီး အသင်းဖော်ပါရီဒက်စ်နဲ့အတူ ရယ်မောသွားခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ 



မက်ဆီက တံကောက်ကြောဒဏ်ရာရရှိသွားဟန်လုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဟာသလုပ်မှုက မအောင်မြင်ခဲ့ပါဘူး။ အသင်းဖော်တွေက သူ ဟန်ဆောင်နေမှန်းသိနေလို့ ရယ်မောနေခဲ့ပြီး သူ့ ရည်ရွယ်ချက်မအောင်မြင်တဲ့နောက် မက်ဆီလည်း ရယ်မောနေခဲ့ပါတယ်။ မက်ဆီကို ကြည့်ရတာကတော့ လွတ်လပ်ပေါ့ပါးနေပြီး နိုင်ငံအသင်းအတွက် ကစးပေးဖို့ အသင့်ဖြစ်နေပြီလို့ ယူဆရပါတယ်။ 

ဒီဗီဒီယိုက တွစ်တာမှာလည်း ပျံ့နှံ့နေပြီး ပရိသတ်တွေကတော့ ဒီလိုမျိုးမကျီစားပါနဲ့လို့ ပြောဆိုနေကြပါတယ်။ အာဂျင်တီးနားဟာ သူ့ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဆော်ဒီနဲ့ ကစားရမှာဖြစ်ပါတယ်။ ဒီနေ့မှာ သူတို့က UAE နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပြီး ကမ္ဘာ့ဖလားအတွက် နောက်ဆုံးအကြိမ်ခြေစမ်းသွားမှာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က