ဆေးအဖွဲ့အကြီးအကဲအသစ်ကိုလည်း ခေါ်ထားသေးတာပါ။

ယူနိုက်တက်ဟာ အသင်းမှာ ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အနေနဲ့ လက်ရှိအချိန်မှာ စီနီယာ ကစားသမား (၈)​ ယောက်အထိကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ထားရပါတယ်။



မန်ချက်စတာမြို့ခံကလပ်ဟာ ပြီးခဲ့တဲ့လကမှ အသင်းရဲ့ ဆေးအဖွဲ့အကြီးအကဲအဖြစ် ဂယ်ရီအိုဒရစ်ကောကို ခန့်အပ်ခဲ့တာပါ။ ဒါပေမယ့်လည်း အခုချိန်မှာ ကက်စ်မဲရိုးအပါအဝင် အသင်းရဲ့ ဒဏ်ရာရ ကစားသမားစာရင်းက ပိုမိုများပြားလာခဲ့ပြီး တန်ဟက်ခ်အတွက်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်က ပွဲစဉ် (၈) ပွဲအထိသာ ကစားရသေးပြီး ရာသီအစောပိုင်းမှာတင် ယူနိုက်တက်ကစားသမား တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရနေတာက စိတ်ပျက်စရာပါ။ ပွဲကျပ်ကာလတွေ ရောက်လာချိန်မှာ အခြေအနေက ဒီထက် ပိုဆိုးလာနိုင်ပြီး ယူနိုက်တက်အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။

အဲ့ဒါကြောင့်လည်း အသင်းရဲ့ ဆေးအဖွဲ့တာဝန်ရှိသူတွေဟာ အသင်းမှာ ဒဏ်ရာရ ကစားသမား ဒီလောက်အထိ များပြားနေတဲ့အပေါ် လိုအပ်တဲ့အချက်အလက်တွေကို စစ်ဆေးနေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၁)​ရက်နေ့ကနေ ရာသီကုန်ချိန်အထိ ပွဲပေါင်း (၄၁) ပွဲအထိ ကစားခဲ့ရပါတယ်။
ဒါကတော်တော်လေးကို များပြားတဲ့ အရေအတွက်ဖြစ်ပြီး ဒီအရှိန်တွေက လက်ရှိအချိန်မှာ အသင်းကို လာရောက်ထိခိုက်နေတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တန်ဟက်ခ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကလည်း ပြင်းထန်လွန်းပြီး ဒီအချက်ကလည်း တစ်ထောင့်တစ်နေရာက ပါဝင်နေတယ်လို့ အချို့က ယုံကြည်ထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က