နိုင်ငံအသင်း၊ ကလပ်အသင်းတွေ ရလဒ်ဆိုးခဲ့ကြပါတယ်။

တိုက်စစ်မှူးဟာလန်းအတွက်တော့ နောက်ထပ်တစ်ကြိမ် အဆင့်မြင့်ဆုံးပြိုင်ပွဲတခုနဲ့ ဝေးကွာမှုဖြစ်လာခဲ့ပြီး ဆေးကုသနေရချိန်တွေက နာကျင်စရာဖြစ်ခဲ့ရပါတယ်။


စပို့တင်းကို ဒေါ့မွန်တို့ အရေးနိမ့်ခဲ့တာဟာ ယူရိုပါလိဂ်ကို သူတို့ဆင်းကန်ရတော့မယ့်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်လာခဲ့ပါတယ်။ ပေါ်တူဂီမြေပေါ်မှာ ဒေါ့မွန်တို့ ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရကာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လွန်မြောက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာသွားခဲ့ပြီး ယူရိုပါလိဂ်ကို အာရုံစိုက်ရဖို့သာ ရှိလာခဲ့ပါတယ်။ 

လက်ကျန်ပွဲအနိုင်ရရင်တောင်မှ စပို့တင်းကို ထိပ်တိုက်တွေ့ဆုံမှုမှာ အသာမရထားတာဖြစ်လို့ ဒေါ့မွန်တို့ မျှော်လင့်ချက်ကုန်သွားခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှုဟာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူးဟာလန်းအတွက်တော့ နောက်ထပ်တစ်ကြိမ် အဆင့်မြင့်ဆုံးပြိုင်ပွဲတခုနဲ့ ဝေးကွာမှုဖြစ်လာခဲ့ပြီး ဆေးကုသနေရချိန်တွေက နာကျင်စရာဖြစ်ခဲ့ရပါတယ်။


မိခင်နိုင်ငံနော်ဝေနဲ့အတူ ၂၀၂၂ ကာတာကမ္ဘာ့ဖလားကိုအရောက်သွားခွင့်လည်း ဆုံးရှုံးခဲ့တဲ့ ဟာလန်းဟာ ကလပ်အသင်းနဲ့လည်း ဥရောပရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲကို ကျောခိုင်းခဲ့ရတာဖြစ်ပါတယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ပွဲ ၂ ပွဲသာ ကစားထားရသေးပြီး ဒဏ်ရာကြောင့် လွဲချော်နေခဲ့ရတဲ့ ဒေါ့မွန်ဂိုးသွင်းစက်အတွက်တော့ စိတ်ပျက်စရာတွေဆိုရင်လည်း မမှားပါဘူး။ 

သူ ဒဏ်ရာရနေလို့ မကစားပေးနိုင်တဲ့အချိန်တွေမှာ ကလပ်အသင်းရော၊ နိုင်ငံအသင်းပါ ပြိုင်ပွဲကြီးတွေနဲ့လွဲချော်၊ ထွက်ခွာရမှုတွေဖြစ်နေခဲ့တာပါ။ ကစားသမားတဦးအတွက် အမြင့်ဆုံးပြိုင်ပွဲတွေမှာ ဝင်ကစားခွင့်မရတော့ဘဲ ပွဲကြည့်ပရိသတ်အဖြစ်နဲ့သာ ရှိနေတော့မယ့် ခံစားချက်က နာကျင်စရာလည်းဖြစ်သလို နစ်နာမှုတွေလည်း အများကြီးရှိနေတာဖြစ်ပါတယ်။ 


အသင်းအတွက် ပုံမှန်ဂိုးသွင်းပေးနေပြီး ခြေစွမ်းပြနေချိန်မှာ ဒဏ်ရာကြောင့် နှစ်ကုန်ပိုင်းအထိ ဟာလန်းက အနားယူရမှာလည်းဖြစ်ပါတယ်။ 

Share

က္က