ကစားသမား ၄ဦးအထိ ဒဏ်ရာရရှိနေတာပါ။

နိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်လည်စတင်မယ့် လိဂ်ပွဲတွေမှာ ချယ်လ်ဆီးရဲ့ ကစားသမားလေးဦးအထိ ဒီပွဲကို လွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။ 


ချယ်လ်ဆိးနည်းပြသောမတ်တူချယ်လ်ကတော့ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ တန်းတက်ဘရန်ဖို့ဒ်နဲ့ ရင်ဆိုင်ရတော့မယ့်အချိန်မှာ အားထားရတဲ့ ခံစစ်မှူးတွေဖြစ်တဲ့ ရူဒီဂါနဲ့ သီယာဂိုဆေးလ်ဗားတို့ ဒဏ်ရာရရှိနေလို့ အကျပ်ရိုက်နေပြီဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်လည်စတင်မယ့် လိဂ်ပွဲတွေမှာ ချယ်လ်ဆီးရဲ့ ကစားသမားလေးဦးအထိ ဒီပွဲကို လွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။ 



အကြီးမားဆုံးအားနည်းချက်တော့ ရူဒီဂါဟာ နောက်ကျောဒဏ်ရာရရှိခဲ့ပြီး ဂျာမနီကနေ ပြန်လာခဲ့ရတာပဲဖြစ်ပါတယ်။ သူ့ရဲ့တွဲဖက်သီယာဂိုဆေးလ်ဗားဟာလည်း ကြံ့ခိုင်မှုပြည့်ဝနေပေမယ့်လည်း ဘရာဇီးလ်ကနေ ပြန်ရောက်လာပြီး ၁ ရက်အကြာမှာပဲ အသင်းအတွက် ဝင်ကစားပေးဖို့ အသင့်ဖြစ်နေပါ့မလားဆိုတာက သံသယဖြစ်စရာကောင်းနေပြီး ချယ်လ်ဆီးဗဟိုခံစစ်ပိုင်းမှာ လူရွေးချယ်ဖို့ အခက်တွေ့နေပါတယ်။ 

တဖက်မှာလည်း ဘရန်ဖို့ဒ်က တောက်လျှောက်ခြေစွမ်းပြနေတာဖြစ်ပြီး အိမ်ကွင်းမှာ လက်ခံကစားသွားမှာဖြစ်လို့ တူချယ်လ််အတွက်တော့ စိုးရိမ်စရာတွေဖြစ်လာခဲ့ပါတယ်။ တူချယ်လ်က "ဒီနေ့မှာ ဘရန်ဖို့ဒ်နဲ့ပွဲအတွက် ကစားသမားတွေနဲ့ စကားပြောသွားမှာပါ (မနေ့ကပြောခဲ့တာဖြစ်)၊ နည်းစနစ်ပိုင်း လေ့ကျင့်ခန်း ဒီင်္နေ့ရှိပါတယ်၊ ဒါကိုတော့ သီယာဂိုဆေးလ်ဗားလွဲချော်မှာပါ၊ သူ ဘရာဇီးလ်အတွက် ပွဲချိန်ပြည့်ကစားပေးပြီး ၁၂ နာရီလောက် လေယာဉ်စီးလာရမှာပါ"

"ဒီအတွက် သူ့အနေအထားက ကစားနိုင်တယ်ဆိုရင်တောင် အသင့်မဖြစ်နိုင်သေးပါဘူး၊ ရူဒီဂါကတော့ ဒဏ်ရာပြသနာနဲ့ အသင်းကို ပြန်ရောက်လာပါတယ်၊ သူ ကစားပေးနိုင်မှာမဟုတ်ပါဘူး၊ ပူလီဆစ်လည်း ဒဏ်ရာရနေဆဲဖြစ်ပြီး ဇီယက်က မသေမချာဖြစ်နေပါတယ်၊ အသင်းရဲ့ နောက်ဆုံးလေ့ကျင့်ခန်း ၂ ခုကို သူ လွဲချော်ခဲ့ပြီး ဘရန်ဖို့ဒ်နဲ့ပွဲ လူစာရင်းမှာ သူ မပါနို်င်လောက်ပါဘူး" လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဘရန်ဖို့ဒ်ဟာ ၇ ပွဲကစားပြီးချိန်မှာ ၁ ပွဲတည်းသာ အရေးနိမ့်ထားပြီး ၃ ပွဲနိုင်ကာ ၃ ပွဲသရေကျထားပြီး ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၇ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က