ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကြေညာခဲ့တာပါ

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် MCF နဲ့မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT တို့ပူးပေါင်းစီစဉ်ကျင်းပလိုက်တဲ့ Myanmar Youth Technopreneurship Development Program 2019 အစီအစဉ်ကနေ အကောင်းဆုံး ၃ သင်းကို မွေးထုတ်ပေးခဲ့ပါတယ်။

Photo: Duwun Tech

         ဒုတိယအကြိမ် Myanmar Youth Technopreneurship Development Program 2019 မှာ final selections အဖြစ် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မှ ဆန်ခါတင် ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ဒီထဲမှာ အကောင်းဆုံးဆုရ အသင်း ၃ သင်းကို ဆုကြေးငွေ ကျပ်သိန်း ၈၀ ၊ ၆ လတာ ရုံးခန်းနေရာနဲ့ကုမ္ပဏီမှတ်ပုံတင်ပေးခဲ့တာ ဖြစ်ပါတယ်။

Blue Frog အသင်း (Photo: Duwun Tech)

         ဒီပွဲမှာ ထီနန်းတော်ခေါင်းစဉ်နဲ့ Idea Capsule အသင်း ၊ အမှိုက်စွန့်ပစ်မှုစီမံခန့်ခွဲတဲ့ စက် နည်းပညာ နဲ့ WMM အသင်း နဲ့AR/VR စနစ်နဲ့တိုင်းရင်းသားစာပေလေ့လာမယ့် app နဲ့Blue Frog အသင်းတို့ကို အကောင်းဆုံးဆုအဖြစ် ရွေးချယ်ခဲ့ပြီး ကျန် အသင်း ၇ သင်းကို ဂုဏ်ပြုနှစ်သိမ့်ဆုအဖြစ် ကျပ် ၅ သိန်းစီ ၊ trophy တစ်ခု ၊ ဂုဏ်ပြုမှတ်တမ်းလွှာတစ်စောင်စီ ပေးခဲ့ပါတယ်။

WMM အသင်း (Photo: Duwun Tech )

         Myanmar Youth Technopreneurship Development Program 2019 ဟာ startup တစ်ခုကို ကိုယ်ထူကိုယ်ထ စတင်ဖို့နည်းပညာ ၊ အကြံဉာဏ်နဲ့ငွေကြေး အခက်အခဲရှိတဲ့ လူငယ်များကို မြေတောင်မြှောက်ပံ့ပိုးဖို့စီစဉ်ကျင်းပခဲ့တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

Idea Capsule အသင်း (Photo: Duwun Tech )

         ပြိုင်ပွဲဝင် ၂ ဦးမှ ၅ ဦးအထိ ပါဝင် ယှဉ်ပြိုင်နိုင်မယ့် ဒီအစီအစဉ်ကို ၂၀၁၈ ခုနှစ်မှာ စတင် ကျင်းပခဲ့တာ ဖြစ်ပြီး ပထမအကြိမ် မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်မှာ ဆုကြေး ကျပ် သိန်း ၅၀ ၊ ကုမ္ပဏီ မှတ်ပုံတင် နဲ့Kanaung Hub မှာ ၆ လတာ ရုံးခန်းဖွင့် လုပ်ငန်းလုပ်ကိုင်ခွင့်များ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ကျန် ပြိုင်ပွဲဝင် ၇ သင်းကိုလည်း နှစ်သိမ့်ဆုအဖြစ် ကျပ် ၅ သိန်းစီ စုစုပေါင်း ၁၈၅ သိန်းကျပ် ပေးအပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က