မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ X Box က ဒုတိယအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်တော့မှာပါ။ မကြာခင်မှာ ကျရောက်တော့မယ့် သူ့ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်။
Photo : X Box
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ X Box က ဒုတိယအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မေလ(၁၉) ရက်နေ့တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။ မေလ(၁၉) ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ X Boxin House Party ပွဲကို ပြုလုပ်တာပါ။ ဒီနှစ်မှာ ပြုလုပ်မယ့် House Party ရဲ့ ထူူးခြားချက်ကိုလည်း X Box က ယခုလို ပြောပြခဲ့ပါတယ်။
“ဒီနှစ် House Party ရဲ့ ထူးခြားချက်က Club ထဲမှာ ကျွန်တော်တို့ ပျေ်ာပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာစွာ ဖျော်ဖြေမှာပါ။ ကျွန်တော့်ပရိသတ်တွေ အားလုံးအားလုံး ပျော်ရွှင်ရမယ့် ပွဲတစ်ပွဲလို့ ကျွန်တော် မြင်ပါတယ်။ ဒီနှစ်မှာလည်း ခြေကုန်လက်ပမ်းကျတဲ့အထိကို ဖျော်ဖြေမှာပါ။ “ ဆိုပြီး မေလ(၁၆) ရက်နေ့က ပြုလုပ်တဲ့ House Party သတင်းစာရှင်းလင်းပွဲမှာ Duwun Media သို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။
X Box ရဲ့ ဒုတိယအကြိမ် X Boxin House Party ပွဲကို မေလ(၁၉) ရက်နေ့ ရန်ကုန်မြို့ The Maze Club မှာ ညနေ(၄)နာရီကနေ (၉)နာရီ ခွဲအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လက်မှတ်တွေကိုလည်း ငွေကျပ် တစ်သောင်းနှုန်းဖြင့်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
X Box ဟာ ၂၀၁၈ခုနှစ်တုန်းကလည်း ပထမဆုံး အကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို သူငယ်ချင်းတွေ ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ဖူးပါသေးတယ်။ X-Box ဟာ Rap ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အဲ့ဒီနောက် မိန်းကလေး ပရိသတ်၊ ယောကျ်ားလေး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အခိုင်အမာရရှိထားသူပါ။
X-Box ကိုတော့ Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူဟာ ‘’အိပ်ရေး မပျက်စေနဲ့’’ သီချင်းကနေ ပရိသတ်အားပေးမှု အများကြီးရရှိလာခဲ့တာပါ။ X-Box ဟာ ၂၀၁၄ ခုနှစ်က 4 Album ဆိုတဲ့ အခွေကို အဆိုတော် ရွှေထူး၊ အဆိုတော် ထက်ယံ၊ အဆိုတော် Lil’z တို့နဲ့ အတူ ထွက်ရှိခဲ့ပါတယ်။အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ ၉၉ ပေါက်ဆိုတဲ့ ဒုတိယ တစ်ကိုယ်တော်အခွေကို ထွက်ရှိခဲ့ပါတယ်။ လက်ရှိမှာ လည်း X-Box ရဲ့ ‘’Hurt’’ ဆိုတဲ့ သီချင်းဟာ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။