ကိုဗစ် Positive ဖြစ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးသန်းပိုင်ဟာ ဒီနေ့ ဒီဇင်ဘာ ၆ ရက်မှာ ဒုတိယအကြိမ် ဆေးစစ်ချက်အရ အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက အတည်ပြု ပြောပါတယ်။

Photo: MFF

သန်းပိုင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က ကိုဗစ်-၁၉ Positive အဖြေထွက်ခဲ့တဲ့အတွက် အသင်းနဲ့ ၂ ရက်တိုင် သီးသန့်ခွဲနေခဲ့ရပြီး မနေ့က ကစားခဲ့တဲ့ စင်ကာပူအသင်းနဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။ ဒီနေ့ ညနေပိုင်း ဒုတိယအကြိမ် ဆေးထပ်စစ်ချက်အရတော့ ပြိုင်ပွဲကျင်းပရေးဘက်က သန်းပိုင်ကို ပြန်ကစားခွင့်ပေးတဲ့အတွက် အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့တယ်လို့ ဦးကိုကိုသိန်းက ပြောပါတယ်။ "သူတို့ဆေးစစ်ချက်တွေက ကျွန်တော်တို့ ဆီမှာလို မဟုတ်ဘူး။ ဒီနေ့ဆေးထပ်စစ်တော့ ပြိုင်ပွဲကျင်းပရေးဘက်က ကစားခွင့်ရပြီလို့ ပြောပါတယ်။ ညနေက သန်းပိုင်ကို လေ့ကျင့်ရေးကွင်း ခေါ်သွားပြီး အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပါတယ် "လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

Photo: MFF

လာမယ့် တီမောအသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး သန်းပိုင်အနေနဲ့ ပွဲထွက်ခွင့် ရနိုင် မရနိုင် ဆိုတာကတော့ သူ့ရဲ့ ကစားနိုင်မှု အခြေအနေနဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ် လို့ ဦးကိုကိုသိန်းက ဆိုပါတယ်။မြန်မာအသင်းဟာ အာဆီယံဆူဇူကီးဖလား အုပ်စုဒုတိယပွဲစဉ်အဖြစ် ဒီဇင်ဘာ ၈ ရက်မှာ တီမောအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Share

က္က