အသက် ၈၇ နှစ်ထဲကိုဝင်ရောက်ခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးဇော်မှိုင်းက အသက် ၁ဝနှစ်ခန့်အရွယ်မှာ ဒုတိယကမ္ဘာစစ်ကြီးနဲ့ ကြုံတွေ့ခဲ့ရသလို ကပ်ရောဂါဆိုးများကို ဖြတ်ကျော်ခဲ့ရပုံကို ပြန်ပြောပြလာပါတယ်။
"ဒုတိယကမ္ဘာစစ်မှာ ဦးတို့လောက် ဆိုးတာမျိုး မရှိဘူးလို့တော့ ထင်တယ်လေ။ အဲဒီတုန်းက ဗုံးကျင်းထဲကို ဝင်အိပ်ရ၊အ ပေါ်က လေယာဉ်ပျံတွေက ဗုံးတွေကြဲ ကိုယ်နားကျ သေ တဲ့သူတွေ သေ ၊ ဗုံးကျင်းပေါ် တွေကျ တာ၊ အ ပေါ်က အမိုးတွေ ကာထားလို့သက်သာတယ်။ အဲ့ဒီ့တုန်းက ဆီရှားတာတို့ ဆန်ရှားတာတို့လည်း စဉ်းစားလို့မရဘူး။ဦးတို့က တော့ တောင်သူလယ်သမားတွေ ဆိုတော့ ဆန်က တော့ ရှိတာပေါ့။ကျန်တာက တော့ ကိုယ့်ဘာသာကိုယ် ရှာကြံစားပေါ့လေ။ စစ်ကာလ တစ်ခုလုံးထဲမှာ ရောဂါ ဒဏ် စားဝတ်နေ ရေး ငတ်ပြတ်တဲ့ဒဏ်အကုန်လုံးကိုခံလာရ တော့ ဒီ့ထက် ဆိုးတဲ့စစ် ဘယ်လိုလာလာ ဦးက တော့ကြိုတင် ပြီးတော့ တွက်ထားတယ်လေ။ မဖြုံတော့ဘူး။ ကိုယ့်ဝမ်းစာကိုယ်ကတော့ကြံဖန်စားပေ့ါလေ။ ဒီစစ်ကြီး ကို တွေးလည်း မ ကြောက် တော့ဘူး။ ဖြစ်လည်း မ ကြောက်တော့ဘူး။ ဖြစ်ချင်တာဖြစ်၊ အခုလည်းဖြစ်နေတာပဲလေ။အခုဆိုလည်း စားဝတ်နေ ရေးတွေ အများကြီး ကျပ်တည်းနေကြတယ်။ ဒါကြီးတွေးပြီး စိတ်ဆင်းရဲ ပြီး သေ သွားတဲ့သူ က သေ သွားကြတယ်။အဲဒီလောက်တော့ ဦးတို့ မခံစားဘူးလေ။ သေ မှသာ သေရောပေါ့လေ" လို့ ဒုတိယ ကမ္ဘာစစ်ကိုတောင် ကြုံခဲ့ဖူးတဲ့အကြောင်း ပြောပြလာပါတယ်။
ဓာတ်ပုံ - ဦးဇော်မှိုင်းဖေ့စ်ဘွတ်
ဒုတိယကမ္ဘာစစ်အတွင်းမှာပဲ ပုလိပ်ရောဂါ၊ ကျောက်ရောဂါ စတဲ့ ကပ်ရောဂါဆိုးတွေ ဖြစ်နေတဲ့ အ ချိန်နဲ့ လည်း တပြိုင်နက် ကြုံတွေ့ခဲ့ရတဲ့သူပါ။
" ကံကံရဲ့ အကျိုးဆိုတာလည်းပါပါလိမ့်မယ်။ ကိုဗစ် ပထမအကြိမ် ၊ဒုတိယအကြိမ် ၊ တတိယအကြိမ်ကိုလည်း ဖြတ်သန်းခဲ့ပါတယ်။ ကိုဗစ် ဆေးတောင် ဘာမှမဖြစ်ဘဲ ထိုးတာပါ။ အများထိုးလို့ထိုးတာပါ။ ဒီထက်ဆိုးတဲ့အင်္ဂလိပ်ခေတ်မှာတောင် အင်မတန်ဆိုးတဲ့ ရောဂါ ရှိတယ်။ပုလိပ်ရောဂါတို့ ကျောက်ရောဂါတို့အဲ့ဒီ့ ရောဂါကြီးတွေက အဲ့ဒီ့အချိန်မှာ ဘာဆေးဝါးမှ မရှိပါဘူး။သေလိုက်တာမှ ရွာထဲမှာ သောက်သောက်လဲပါပဲ။စကားပြောရင်း ဖုတ်ခနဲ လဲပြီး သေသွားပြန်ပြီ။ လမ်းလျှောက်ရင်းနဲ့ မူးလဲသွားတယ်။ သေသွားတယ်။ အဲဒီအချိန်မှာဆေးဝါး ဘာမှ မရှိပါဘူး။ အဲဒီမှာကပ်ရောဂါ ဘေး စဖြစ်တာပေါ့။ အဲဒီတော့ တောထဲက ကြိတ်မှန်ရွက်လေးတွေလိမ်း၊ သစ်ခေါက်တွေ ပြုတ်သောက် အဲ့ဒါတွေနဲ့ပဲ ကပ်ကျော်ခဲ့တာ။ စစ်ကာလဆိုတော့ ဗုံးကျင်းတွေထဲ အိပ်ရတာ။ တစ်ယောက်နဲ့တစ်ယောက် မိသားစုတွေ ဖက်အိပ်ကြတယ်။ ဖက်အိပ်တဲ့သူက သေသွားလည်း ကိုယ်က မသိဘူး။ ဒီရောဂါတွေက တော်တော်ဆိုးတယ်။ မနက်မိုးလင်းမှ သေနေကြပြီ။ဟိုက ငိုကြဒီက ငိုကြနဲ့ အဲဒီကပ်ရောဂါ တွေကိုလည်း အကြိမ်ကြိမ် ဖြတ်ခဲ့တယ်။ အခု ကိုဗစ်တွေကိုလည်း ဖြတ်ခဲ့တယ်ဆိုတော့ ကိုယ့်ရဲ့ကံကြမ္မာကိုလည်းအံ့သြရပါတယ်"လို့ ဦးဇော်မှိုင်းက ကပ်ရောဂါ ဆိုးတွေ ကိုအကြိမ်ကြိမ် ကျော်ဖြတ်ခဲ့ရပြီး သေကံမရောက် သက်မပျောက်ခဲ့တာတွေကို ဝေမျှလာပါတယ်။
ဓာတ်ပုံ - Bo Bo Entertainment
ဦးဇော်မှိုင်းကို ၁၉၃၅ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဇာတိက ကရင်ပြည်နယ် သထုံဇာတိပဲဖြစ်ပါတယ်။ အနုပညာလောကထဲကို သူ့ရဲ့ အသက် ၃ဝ မှာ ရုပ်ရှင်မင်းသားဒါရိုက်တာ ဦးကျော်ဆွေရဲ့ ကမ်းလှမ်းမှုနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အနုပညာအလုပ်မလုပ်စဉ်က လယ်ယာချောင်းမြောင်းအလုပ်တွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ မင်းသားကျော်ဆွေ ရိုက်ကူးခဲ့တဲ့ "ပုလဲမျက်ရည်" ဆိုတဲ့ ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ရင်း လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က အနုပညာလောကထဲကိုရောက်ရှိခဲ့တဲ့ ဦးဇော်မှိုင်းဟာ ဇာတ်ကားပေါင်းရာကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။