COVID-19 ကြောင့် ခဏ နားထားတယ်။

အုပ်စိုးခန့်ကတော့ COVID-19 ကူးစက်ရောဂါကြောင့် သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အခွေ ထွက်ဖို့ ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။ 

Photo: Amazing Grace



အုပ်စိုးခန့်ကတော့ သူ့ရဲ့ ဒုတိယမြောက် အခွေလေးထွက်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ COVID-19 ကာလ နဲ့ တိုက်ဆိုင်သွားတာကြောင့် အသံသွင်းဖို့တောင် မလုပ်နိုင်သေးဘူးလို့ Duwun Media အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်လည်း အခု ဒုတိယအခွေ လုပ်ဖို့တောင်မှ လန့်နေတာ။ ပထမဆုံး အသံသွားသွင်းတဲ့ စတူဒီယိုဆိုရင် ပိတ်ထားတယ်။ တခြား စတူဒီယိုတွေလည်း မသွားဖြစ်တော့ဘူး ကိုယ့်ဘာသာကိုယ်လည်း အနားပေးထားတယ်။ ဒီကာလမှာ ပွဲတွေကလည်း နားထားတော့ ဒုတိယ အခွေအတွက် အားစိုက်မယ်လို့ တွေးထားတာ။ Vocal trainer တွေလည်း ခေါ်မယ်ပေါ့ အခုတော့ မခေါ်ဖြစ်ဘူး ခဏ နားထားပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Oak Soe Khant

အုပ်စိုးခန့်ဟာ ဂီတအလုပ်ကိုသာမက သရုပ်ဆောင် အလုပ်ကိုပါ ဆောင်ရွက်လာပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ " အိပ်မက်တွေ မိုးထားတဲ့ အိမ်" ရုပ်သံဇာတ်လမ်းတွဲ ထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ပြည်ပ အနုပညာရှင်တွေနဲ့လည်း အနုပညာအလုပ်တွေ တွဲလုပ်သွားဖို့ရှိတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ COVID-19 ကာလကြောင့် ပြည်ပနဲ့တွဲလုပ်မယ့် အနုပညာအလုပ်တွေကိုလည်း ရပ်နားထားတယ်လို့ သိရပါတယ်။ 

Photo: Oak Soe Khant

အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုယ်ပိုင်သီချင်းများစွာလည်း သီဆိုခဲ့ဖူးသူပါ။ ပရိသတ်တွေ ပိုပြီးသတိထားမိစေခဲ့တာကတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ရိုက်ကူးထားတဲ့ ‘’တန်ခူးမေ’’ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ချစ်နေပြီ’’ ဆိုတဲ့ Album လေးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါသေးတယ်။ သူဟာ Shwe FM က ဆုချီးမြှင့်တဲ့ "၂၀၁၉ ခုနှစ်အတွက် အောင်မြင်ဆုံး မျက်နှာသစ် အနုပညာရှင်" ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က