၃-၁ နဲ့ ခြေစမ်းပွဲကို အနိုင်ယူအဆုံးသတ်နိုင်ခဲ့ပါတယ်။

တန်ဟက်ဂျ်ရဲ့ ယူနိုက်တက်ကတော့ လန်းစ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းခြေစမ်းပွဲမှာ ဒုတိယပိုင်းမှာသွင်းဂိုးတွေနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ တန်ဟက်ဂျ်က လူစာရင်းကို အပြည့်ပွဲထုတ်ခဲ့ပြီး ကစားခဲ့တာပါ။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတာလည်းဖြစ်လို့ ယူနိုက်တက်က ပွဲကို အသာစီးရအောင် ကစားနိုင်ခဲ့ပေမယ့် မထင်မှတ်ဘဲ ဂိုးပေးခဲ့ရပြီး ပထမပိုင်းမှာ အရေးနိမ့်ခဲ့နေခဲ့ပါတယ်။ 

ဒါလော့ရဲ့ အမှားကနေ လန်းစ်တို့ ဘောလုံးရရှိခဲ့ပြီးနောက် ရှေ့ထွက်နေတဲ့ အိုနာနာကို​ကျော်ပြီး ကွင်းလယ်ကနေ ကန်သွင်းခဲ့တာပါ။ အဲဒီမတိုင်ခင်မှာ ဂါနာချိုရဲ့ ဖန်တီးပေးမှုကနေ မေဆန်မောင့် အပိုင်အခွင့်အရေးရခဲ့ပေမယ့် ချော်လဲနေခဲ့လို့ ဂိုးမရခဲ့ပါဘူး။ ဂါနာချိုလည်း အခွင့်အရေးတချို့ကို လက်လွှတ်ခဲ့ရပြီး အိုနာနာကတော့ လူပြောများစရာဂိုးတဂိုးကို ခွင့်ပြုလိုက်ရပါတယ်။ 

ဒါပေမယ့် ဒုတိယပိုင်းပွဲစပြီး ၇ မိနစ်အတွင်းမှာ ရက်ရှ်ဖို့ဒ်ရဲ့ ချေပဂိုးအတွက် အန်တိုနီက ဖန်တီးပေးခဲ့ကာ ဂါနာချိုရဲ့ ဖန်တီးပေးမှုကနေ အန်တိုနီက ဦးဆောင်ဂိုးကို သွင်းယူခဲ့လို့ ယူနိုက်တက်တို့ ၂-၁ နဲ့ ပွဲကို ပြန်ဦးဆောင်နေခဲ့ပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့ ယူနိုက်တက်တို့ ဒုတိယပိုင်းပြန်စစချင်းပဲ ဆက်တိုက်ကို ဖိအားပေးနေခဲ့တာပါ။ ၅၇ မိနစ်မှာလည်း ပြစ်ဒဏ်ဘောကတဆင့် ကက်စ်မဲရိုးက ခေါင်းတိုက်သွင်းယူကာ နောက်တဂိုးသွင်းခဲ့လို့ ၃-၁ ဖြစ်သွားပြီး တန်ဟက်ဂျ်ရဲ့ အသင်းက အကောင်းဆုံးပြန်လာပြခဲ့ပါတယ်။ 

အန်တိုနီ၊ ဂါနာချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ တန်ပြန်တိုက်စစ်တွေကို လန်းစ်မထိန်းနိုင်ခဲ့ဘဲ ဂိုးတွေဆက်တိုက်ပေးခဲ့ရတာပါ။ ဒုတိယပိုင်းမှာ ယူနိုက်တက်က ပိုကောင်းတဲ့ ကစားပုံကိုပြခဲ့ပြီး အခွင့်အရေးတွေကိုလည်း အသုံးချနိုင်ခဲ့ပြီး နိုင်ပွဲရအောင် လုပ်နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အိုနာနာကလည်း ကာကွယ်မှုကောင်းကောင်းလုပ်ပြနိုင်ခဲ့ပြီး သူ့လက်စွမ်းကို ပြသသွားခဲ့ကာ ပထမပိုင်းဂိုးအတွက် အကောင်းဆုံးတုံ့ပြန်ပြခဲ့ပါတယ်။ 

ယူနိုက်တက်ကစားပုံက လိုအပ်ချက်တွေရှိနေခဲ့ပေမယ့် အခွင့်အရေ​ေးတွေ အများကြီးဖန်တီးနိုင်စွမ်းရှိခဲ့ပါတယ်။ တိုက်စစ်ပိုင်းက အသုံးချနိုင်ရင်တော့ ဂိုးတွေရမယ့် အခိုက်အတန့်တွေကို သူတို့ လုပ်ပြနိုင်ခဲ့ပါတယ်။ ကက်စ်မဲရိုးကတော့ ပုံမှန်ခြေစွမ်းပြဖို့ အနည်းငယ်ရုန်းကန်ခဲ့ရပြီး မေဆန်မောင့်ကတော့ ကံဆိုးကာ ဂိုးရမယ့် အခွင့်အရေးကို လွဲချော်ခဲ့ပါတယ်။ ပွဲကတော့ ၃-၁ နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က