အနုပညာကို ဝါသနာပါလွန်းတဲ့ စိုးပြည့်သဇင်က သူမရဲ့ ဒုတိယဝါသနာတစ်ခုကို ပရိသတ်တွေသိအောင် ထုတ်ပြလိုက်ပါတယ်။ အဲဒါကတော့ ဟင်းချက်ရတာပါတဲ့။
Photo : စိုးပြည့်သဇင်
သရုပ်ဆောင် စိုးပြည့်သဇင်က သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာပါ ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးပါ။ အခုလည်း သူမရဲ့ ဒုတိယဝါသနာတစ်ခုကို ပရိသတ်တွေ သိအောင် ထုတ်ကြွားလိုက်ပါတယ်။ အဲ့ဒါကတော့ ဟင်းချက်တာလို့ ဆိုပါတယ်။
“ကိုယ့်ရဲ့ဒုတိယဝါသနာ.” ဆိုပြီး စိုးပြည့်က မေလ(၁၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။ စိုးပြည့်သဇင်ဟာ ရှုတင်နားတဲ့ရက်တွေမှာ မိခင်နဲ့အတူ မီးဖိုချောင်ဝင်လေ့ရှိပြီး သူမစားချင်တာလေးတွေကို ကိုယ်တိုင် ချက်ပြုတ်စားတတ်သူ တစ်ဦးပါ။
Photo : စိုးပြည့်သဇင်
စိုးပြည့်သဇင်က လက်ရှိမှာ “လူးလူးစိန်” ဇာတ်လမ်းတွဲကို ရိုက်ကူးလျက်ရှိပါတယ်။ ’ လူးလူးစိန်’’ ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်သြဘာ က ရိုက်ကူးနေတာဖြစ်ပြီး သရုပ်ဆောင် ကျော်ကျော်၊ သူရထူး၊ စိုးပြည့်သဇင် နဲ့ မေဘရဏီသော်တို့က အဓိက ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။
အသက်(၂၅)နှစ်ရှိ အနုပညာရှင်မလေး စိုးပြည့်သဇင်က အသက်(၁၈)နှစ်အရွယ်မှာ "မိုးညအိပ်မက်ဖြူ" ရုပ်ရှင်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သူဖြစ်ပါတယ်။
Photo : စိုးပြည့်သဇင်
သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။
စိုးပြည့်သဇင်က ကျောင်းပညာရေးကို ဦးစားပေးနေရတာကြောင့် ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး အနည်းငယ် လျော့နည်းခဲ့တာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ ကျောင်းစာမေးပွဲလည်း ဖြေဆိုပြီးခဲ့ပြီဖြစ်လို့ အနုပညာအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်။ မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။