စိုင်းစိုင်းခမ်းလှိုင်က အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှာ သူကိုယ်တိုင် လေ့လာခဲ့ရတဲ့ ဒူဘိုင်းမြို့ရဲ့ အလှအပနဲ့ စီးပွားရေးတွေ အကြောင်းကို ပြောပြလာပါတယ်။ နောက်ထပ် သွားချင်တဲ့ နေရာတွေလည်း ရှိတယ်လု့ိ သူ့ရဲ့ ဆန္ဒတွေကို ရင်ဖွင့်ပြောပြထားပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်
စိုင်းစိုင်းတစ်ယောက် ဒူဘိုင်းမြို့မှာ သွားရောက်လည်ပတ်ခဲ့တဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။ အာရပ်စော်ဘွားများနိုင်ငံ ဖြစ်တာကြောင့်လည်း သူကိုယ်တိုင်က စိတ်ဝင်တစား လေ့လာဖြစ်ခဲ့ပုံတွေကို အခုလို ပြောပြထားပါတယ်။
‘’အာရပ်စော်ဘွားများနိုင်ငံဟာ ဗြိတိသျှလက်အောက်ကနေ ၁၉၇၁ မှာ လွတ်လပ်ရေးယူခဲ့ပြီးတော့ အာရပ်စော်ဘွားများ အုပ်ချုပ်ရာဒေသ ၇ ခုကိုပေါင်းစည်းပြီး တည်ထောင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ မြို့တော်က Abu Dhabi ဖြစ်ပြီးတော့ Abu Dhabi စော်ဘွားက နိုင်ငံရဲ့သမ္မတဖြစ်ပါတယ်။ ဒုတိယမြို့တော်က Dubai ပါ ဒူဘိုင်းစော်ဘွားက ဒုတိယသမ္မတဖြစ်ပါတယ်’’ လို့ သူကဆိုပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်
အဲဒီနောက် ဒူဘိုင်းနိုင်ငံရဲ့ အဆောက်အဦးတွေ စီးပွားရေးအကြောင်းတွေကိုလည်း စိုင်းစိုင်းခမ်းလှိုင်က လေ့လာခဲ့ပါသေးတယ်။ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦးတွေအကြောင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၉ နာရီ ၅၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ဒူဘိုင်းမြို့ရဲ့ ရှုမျှော်ခင်းတွေ၊ ပန်းခြံတွေ၊ ကမ်းခြေတွေရဲ့ အလှအပတွေကိုလည်း ဆက်လက် ရေးဖွဲ့ထားပါသေးတယ်။
‘’ကန္တာရဒေသမှာ ကမ္ဘာ့အကြီးဆုံး ပန်းခြံဆောက်ထားတယ် တကယ့်ဟဲဗီးကြီးတဲ့ Theme Park ကြီးတွေဆောက်ထားတယ် နှင်းလျှောစီးအားကစားရုံဆောက်ထားတယ် လောလောဆယ် ကမ္ဘာ့အကြီးဆုံး Ferris wheel ဆောက်လက်စတန်းလန်းအပြင် အဘူဒါဘီနဲ့ ဒူဘိုင်းကို ၁၂ မိနစ်သာကြာမြင့်မယ့် ကမ္ဘာ့ အမြန်ဆုံးရထား စီမံကိန်းရှိပါတယ်တဲ့။ အိမ်ခြံမြေမြှုပ်နှံလုပ်ငန်းအတွက် အလှပဆုံး ကမ်းခြေတုတွေ ကျွန်းတုတွေလည်း မနည်းမနောပါပဲ’’လို့ သူကပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ဟာ ဒူဘိုင်းကို လာရောက်လည်ပတ်ဖို့အတွက် ဖိတ်ခေါ်ခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒူဘိုင်းမှာ လည်စရာတွေ များလွန်းတာကြောင့် သူကိုယ်တိုင် သွားရောက်လည်ပတ်ချင်သေးတဲ့ ဆန္ဒကိုလည်း ဆကက်လက်ရေးသားထားတာ တွေ့ရပါတယ်။
‘’လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာ နိုင်ငံသားတွေဖြစ်ပြီးတော့ ကျန်တဲ့ ၉၀ ဟာ နိုင်ငံတကာက အလုပ်လာလုပ်နေကြတာလည်း ဖြစ်ပါတယ်။ ဝန်ဆောင်မှုတွေကလည်း အပေါင်းကိုး 9+ လောက်ကိုရှိပါတယ်။ ကုန်ကျစားရိတ်တော့ ကျွန်တော်လည်း သူများဖိတ်လို့သွားနိုင်တာဆိုတော့ သေချာမသိခဲ့ပါဘူး။ ခရီးသွားအေဂျင်စီတွေမှာ စုံစမ်းကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ဒါကအကြမ်းဖျင်း ကျနော်သိသလောက် ဗဟုသုတမျှဝေတာဖြစ်ပြီးတော့ မှားနေတဲ့အချက်တွေရှိရင်လည်း သိတဲ့သူဝင် ပြင်ပေးပါလို့ တောင်းပန်ချင်ပါတယ်။ အခွင့်အရေးရခဲ့ရင်တော့ အဘူဒါဘီတို့ ဒိုဟာတို့ နောက်ပြီး ကိုင်ရိုတို့လည်း ရောက်ဖူးချင်ပါသေးတယ်’’ လို့ ဆိုပါတယ်။
စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
Share