အစားအသောက် ချစ်သူတွေအားလုံး စောင့်စားနေတဲ့ Duwun Food Carnival က မတ်လ ၃၀ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။ Foodies လေးတွေ အားလုံး ဘာကြောင့် Duwun Food Carnival ကို ဝင်ရောက်ဆင်နွှဲသင့်သလဲ၊ ဘယ်လိုထူးခြားချက်တွေရှိလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) ငွေသားပိုက်ဆံ ယူလာစရာ မလိုဘူး
Duwun Food Carnival အတွင်း ငွေသားကိုင်ဆောင်စရာမလိုဘဲ KBZPay နဲ့ အစားအသောက် ဝယ်ယူသုံးဆောင်ရင်း ဘယ်မှာမှ မရဖူးတဲ့ အတွေ့အကြုံအသစ် ရနိုင်မယ်။
(၂) လူငယ်အသည်းစွဲ ဖျော်ဖြေရေး အစီအစဉ်တွေ
အစားအသောက်တွေပဲ ရှိနေမှာ မဟုတ်ဘဲ Team 143 ၊ Project K ၊ Oak Soe Khant ၊ အေသင်ချိုဆွေ၊ ကောင်းကောင်း၊ ကျော်ဇင်မင်း၊ ကေကေမိုး၊ Key Lashi နဲ့ Definite အကအဖွဲ့ စတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေရှိတယ်။
(၃) အကြီးဆုံး လက်ဖက်ပန်းကြီးနဲ့ လက်ဖက်မြည်းမယ်
ဘယ် အစားအသောက်ပွဲတော်မှာမှ မရှိသေးတဲ့ အချင်း(၆)ပေရှိတဲ့ မြန်မာ့အကြီးဆုံး လက်ဖက်ပန်းကန်ကြီးထဲက လက်ဖက်တွေကို မြည်းစမ်းရင်း လက်ဖက်ပန်းကန်ကြီးနဲ့အတူ ဓာတ်ပုံရိုက်နိုင်မယ်။ ဘယ်မှာမှ မရှိသေးတဲ့ အတွေ့အကြုံတစ်ခုကို DFC ၂၀၁၉ ပွဲတော်မှာ ရနိုင်မှာပါ။
(၄) နိုင်သလောက် မုန့်ယူလို့ရမယ့် စနစ်
(၅) ဖျော်ဖြေရေး အစီအစဉ်တွေ
တင်ဇာမော်နဲ့ တူညီလက်တွဲမောင်နှမများ ပရဟိတအဖွဲ့ ၊ မေနန္ဒ ၊ DJ Wine ၊ ကြက်ဖ ၊ မြတ်သူအောင်၊ သူရထူး စတဲ့ Celebrity တွေ ရောင်းမယ့် "Cele Zaytan'’ မှာ မုန့်ပတ်စားရင်း ကိုယ့် Idol နဲ့ တွေ့လို့ရဦးမှာနော်။
ကဲ ဒီလို စိတ်လှုပ်ရှားစရာ ဆန်းသစ်တဲ့ အစီအစဉ်တွေနဲ့ Duwun Food Carnival 2019 မှာ ကစားမလား ? စားမလား ?
Food Carnival 2019 ကိုတော့ လာမယ့် ပိတ်ရက် စနေ၊တင်္နဂနွေမှာ မနက် (၁၁)နာရီကနေ ည(၉)နာရီအထိ ပြည်သူ့ရင်ပြင် ကွင်းအမှတ် (၂)၊ ပြည်လမ်းဝင်ပေါက်မှာ ဝင်ကြေးအခမဲ့ ကျင်းပသွားမှာမို့ လာရောက်ပါဝင် ဆင်နွှဲကြပါဦး။
Share