ရန်ကုန်-အင်းစိန်လမ်းပေါ်က YUFC Cafe မှာကျင်းမှာဖြစ်ပါတယ်။

ဒီနေ့ည ၈:၃၀ မှာကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးလ်အသင်းတို့ရဲ့ The Red War ပွဲစဉ်ကို နှစ်ဖက်အသင်းပရိသတ်တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့စုစည်းအားပေးနိုင်ဖို့အတွက် Duwun Sports ကကြီးမှူးပြီး Watch Party ကျင်းပမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ အင်္ဂလန်ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းတွေပါ။ ဒီနေ့ညမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိုးထရက်ဖို့ဒ်ကွင်းမှာ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဒီပွဲစဉ်ကို နှစ်ဖက်အသင်းပရိသတ်တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အတူတကွကြည့်ရှုအားပေးနိုင်ဖို့အတွက် Watch Party တစ်ခုကို Duwun Sports က စီစဉ်ထားပါတယ်။

Watch Party ကို Duwun Sports က ကြီးမှူးပြီး မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ် Official Fan Club Members တွေနဲ့ပူးပေါင်းကျင်းပမှာပါ။ ဖိတ်ကြားထားတဲ့ နှစ်ဖက်အသင်းပရိသတ်တွေနဲ့ Duwun Sports Page မှာစာရင်းပေးသွင်းထားတဲ့ ပရိသတ် ၂၀ဦးတို့ အတူတကွပူးပေါင်းအားပေးကြမှာဖြစ်ပါတယ်။ ပွဲမစတင်ခင်မှာ နှစ်ဖက်အသင်းပရိသတ်တွေအတွက် ဆုလက်ဆောင်တွေပေးသွားမယ့် ဉာဏ်စမ်းမေးခွန်းအစီအစဉ်တွေ၊ အပြိုင်အဆိုင်ပြောကြရမယ့် Debate အစီအစဉ်တွေလည်းပါဝင်မှာပါ။

Watch Party ကို ည၇:၃၀ မှာစတင်မှာဖြစ်ပြီး နေရာကတော့ ရန်ကုန်-အင်းစိန်လမ်းပေါ်က Yangon United Sport Complex ထဲမှာ ရှိတဲ့ YUFC Café မှာပါ။ နောက်လတွေမှာလည်း ပရီးမီးယားလိဂ် Official Fan Club တွေနဲ့ပူးပေါင်းပြီး ပွဲကြီးပွဲကောင်းတွေကို နှစ်ဖက်ပရိသတ်တွေစုပေါင်းကြည့်ရှုနိုင်မယ့် Watch Party တွေကို Duwun Sportsu ဆက်လက်တင်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။

Share

က္က