Honor ကတော့ ကင်မရာပိုင်းနည်းပညာမြင့် Flagship ဖုန်းတစ်လုံးကို ထုတ်ပြလိုက်ပြီ ဖြစ်ပါတယ်။
Honor Magic 4 စီးရီးသစ်ကနေ Ultimate Edition အနေနဲ့ အသစ်ထွက်လာတဲ့ မော်ဒယ်ဖြစ်ပြီး တရုတ်ဈေးကွက်မှာ ကြေညာလိုက်တာပါ။ High-End ဖုန်းစီးရီးဖြစ်တဲ့ Honor Magic 4 မော်ဒယ်တွေကိုမှ ကင်မရာစွမ်းဆောင်ရည် အဆင့်မြှင့်တင်လိုက်တာလည်း ဖြစ်ပါတယ်။ စမတ်ဖုန်းကင်မရာစွမ်းဆောင်ရည်အကဲဖြတ်အမှတ်ပေးတဲ့ DXOMark စမ်းသပ်ချက်မှာ Honor Magic 4 Ultimate ဟာ ဖုန်းကင်မရာတွေထဲမှာ အမြင့်ဆုံး DXOMark ဖြစ်တဲ့ ၁၄၆ မှတ်အထိ ရထားပါတယ်။
ဒါဟာ လက်ရှိ DXOMark မှာ အမြင့်ဆုံးဖြစ်တဲ့ Huawei P50 Pro ထက် ၂ မှတ်ပိုများတာလည်း ဖြစ်ပါတယ်။ Honor ဟာ Magic 4 Ultimate မော်ဒယ်အတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ custom image processor တစ်ခု သုံးထားပြီး ဒီ processor ဟာ စွမ်းအင်ထိရောက်မှု 13.4 TOPS per Watt နဲ့ အမြင့်ဆုံး စွမ်းဆောင်မှု 28.8 TOPS အထိ ထုတ်ပေးနိုင်မယ်လို့ ဆိုပါတယ်။
ကျောဘက်ဧရာမစက်ဝိုင်းပုံကင်မရာအိမ်ထဲမှာ 1/1.12" sensor အကြီးစားတစ်ခုနဲ့လာပြီး 50MP Sensor သုံးထားတာပါ။ ပိုပြီးကြီးလာတဲ့ 1.4 µm pixels ဟာ အဆင့်မြှင့်ထားတဲ့ 8P Design ၊ f/1.6 အပါချာပါ lens နဲ့ ပေါင်းစည်းထားလို့ ပိုပြီး ကြည်လင်ပြတ်သားမှု ပိုလာပါတယ်။ Ultimate Edition ဟာ ၁ လက်မ sensor နဲ့ f/1.8 lens တွေနဲ့ ယှဉ်နိုင်မယ်လို့ ဆိုပါတယ်။
Ultrawide Lens ကလည်း အရင်ထက် ပို Wide ပိုထွက်အောင် ရိုက်နိုင်မယ့် ၁၂၆ ဒီဂရီ မြင်ကွင်းကျယ် ရိုက်နိုင်ပြီး 1/2" 64MP Sensor ၊ OIS ရုပ်ငြိမ်စနစ်သုံး 90mm lens ပါ 64MP periscope tele ကင်မရာ ၊ 50MP Ultrawide နဲ့ 3D ToF Depth Sensor တို့ ပါလာပါတယ်။ ရှေ့ဘက်မှာလည်း မျက်နှာပြင်ဖတ်စနစ် သုံးဖို့အတွက် 3D Depth Sensor တစ်ခုနဲ့ 12MP Sensor တို့ သုံးထားပါတယ်။
screen size ၆.၉၁ လက်မ LTPO OLED Display (1312 x 2848px) ရုပ်ထွက်နဲ့လာပြီး adaptive 120Hz Refresh Rate ပါရှိပါတယ်။ Snapdraong 8 Gen 1 Processor ၊ RAM 12GB/512GB Storage ပါပြီး 4600mAh ဘက်ထရီ 100W Fast Charging နဲ့ 50W Wireless Charging စနစ် ပံ့ပိုးထားပါတယ်။ Android 12 အခြေခံ Magic UI 6.0 စနစ် သုံးထားပြီး အနက် နဲ့ အဖြူ နှစ်ရောင်ပဲ လာပါတယ်။ ဈေးနှုန်း ယွမ် ၈၀၀၀ (မြန်မာငွေ ၂၂ သိန်းခွဲခန့်) ဈေးနဲ့ တရုတ်မှာ ရောင်းချသွားမှာပါ။