ဒရော့ဘာလို အောင်ပွဲခံပြခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ မနေ့ညက ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းယူပြီးတဲ့နောက် ဒရော့ဘာ ချဲလန့်ခေါ်တဲ့အတိုင်း အောင်ပွဲခံပြခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ သက်သောင့်သက်သာ အနိုင်ရရှိခဲ့တာပါ။



ဟာလန်းက အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဖိုဒန်ကလည်း အသင်းအတွက် တစ်ဂိုးသွင်းပေးကာ လွယ်ကူတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဟာလန်းဟာ ဒီပွဲကို ဒဏ်ရာကြောင့် လွဲချော်နိုင်တယ်လို့ ပွဲမတိုင်ခင်မှာ နည်းပြ ဂွါဒီယိုလာက ပြောထားတာပါ။


ဒါပေမယ့် တကယ်တမ်း ပွဲကစားချိန်မှာတော့ ဟာလန်းက ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်း မိနစ် (၆၀) ဝန်းကျင်အထိ ကစားပေးခဲ့ပါတယ်။ ပထမပိုင်းမှာ ဟာလန်းက အသင်းအတွက် အဖွင့်ဂိုးကို ပင်နယ်တီကတစ်ဆင့် သွင်းယူပေးပြီးနောက် ဒရော့ဘာ ချဲလန့်ခေါ်တဲ့အတိုင်း ဒရော့ဘာရဲ့ အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။

ဟာလန်းဟာ သူ့ရဲ့ လက်နှစ်ဖက်ကို ဘေးကို ဆန့်ထုတ်ကာ အောင်ပွဲခံခဲ့တာဖြစ်ပြီး ဒါက ဒရော့ဘာ ချဲလ်ဆီးကစားသမားဘဝမှာ ပြုလုပ်နေကျဖြစ်တဲ့ အောင်ပွဲခံဟန်လည်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘလွန်းဒီအော် ဆုပေးပွဲမှာ ဒရော့ဘာက “မင်းရဲ့ နောက်ထပ်သွင်းဂိုးတစ်ဂိုးအတွက် ငါ စိန်ခေါ်မှုတစ်ခု လုပ်ချင်ပါတယ်”
“မင်းအနေနဲ့ ဒရော့ဘာရဲ့ အောင်ပွဲခံဟန် ဒါမှမဟုတ် ဂယ်ရီလိုင်နီကာရဲ့ အောင်ပွဲခံဟန် တစ်ခုခုကို ရွေးရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ ဟာလန်းကလည်း “ခင်ဗျား စောင့်ကြည့်လိုက်ပါ။ အခုတော့ ဘာကို ရွေးရမလဲ စဉ်းစားရပါမယ်။ ပြီးမှ ကျွန်တော် ဆုံးဖြတ်သွားမှာပါ” လို့ ပြောကြားခဲ့ပြီး အခုလိုမျိုး ဒရော့ဘာရဲ့ အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က