Xiaomi အမှတ်တံဆိပ်ထဲမှာ ပထမဆုံး Dual Selfie ကင်မရာသုံးလာတဲ့ဖုန်းပါ

ဆယ်လ်ဖီအသားပေး Mid-Range ဖုန်းတွေထဲက ဒီဇိုင်းလန်းလန်း ၊ ဈေးတန်တန်နဲ့ ရွေးချယ်စရာဖုန်းသစ်တစ်လုံးပါ။ 

စိတ်ဝင်စားဖို့ကောင်းတာက ရှေ့ဆယ်လ်ဖီကင်မရာ ၂ လုံး ပါပြီး iPhone 14 Pro လိုပဲ ဆေးတောင့်ပုံစံ အပေါ်ဘက် အလယ်ဗဟိုမှာ Punch Hole ကင်မရာပေါက်ဒီဇိုင်း သုံးလာပါတယ်။ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး ရှေ့ဘက် LED Flashes မီးတွေ ပါတဲ့ဖုန်းဖြစ်ပြီး အပေါ်ဘက် တစ်ဖက်တစ်ချက်စီမှာပါတဲ့ Flash မီးတွေက အလင်းအားနည်းချိန်တွေမှာ ဆယ်လ်ဖီကင်မရာရိုက်ချက်တွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 





Xiaomi Civi 2 ကို Snapdragon 7 Gen 1 Chipset နဲ့ မောင်းနှင်ထားပြီး Memory Options ကို 8/128GB , 8/256GB နဲ့ 12/256GB ဆိုပြီး သုံးမျိုး ထွက်ပါတယ်။ Screen Size ၆.၅ လက်မ Full HD+ ရုပ်ထွက်ရှိပြီး 120Hz Refresh Rate ၊ 240Hz Touch Sampling Rate တို့ ပါပါတယ်။ 10-bit Panel ဟာ Dolby Vision ၊ HDR10+ နဲ့ full DCI-P3 Color gamut အထောက်အပံ့တွေ ပေးထားပါတယ်။ 

Xiaomi အမှတ်တံဆိပ်ထဲမှာ ပထမဆုံး Dual Selfie ကင်မရာသုံးလာတဲ့ Civi 2 ဟာ 32MP ကင်မရာနှစ်လုံး သုံးလာပြီး AI အဆင့်မြှင့်တင်မှုစွမ်းရည်တွေအပြင် 3D Tracking Beauty Mode ၊ ဗွီဒီယိုရိုက်ချိန်မှာ ဘက်ဂရောင်းကို မှုန်ဝါးပေးတဲ့စနစ်တို့ နဲ့ လူငယ်ကြိုက် ဖန်စီ Video Editor တစ်ခုလည်း ထည့်ပေးထားပါတယ်။ ကျောဘက်ကင်မရာဒီဇိုင်းက Xiaomi 12 စီးရီးနဲ့ ဆင်ပြီး 50MP IMX766 Sensor ၊ 20MP Ultrawide Lens နဲ့ 2MP Macro Lens ဆိုပြီး ကင်မရာသုံးလုံး သုံးပါတယ်။ 



Xiaomi Civi 2 ဟာ 4500mAh ဘက်ထရီနဲ့လာပြီး အားသွင်းစနစ်ကိုတော့ 67W Fast Charging ပံ့ပိုးထားပါတယ်။ အားသွင်းမှုကိုလည်း USB-C Port ပေါ်ကနေ PD3.0 စံနဲ့ Charging သွင်းပါတယ်။ Civi 2 မှာ Dual 5G ကွန်ရက်ချိတ်ဆက်မှု ၊ WiFi 6 ၊ Bluetooth 5.2 နဲ့ NFC Chip တစ်ခုတို့ ပါရှိပေမယ့် microSD Card slot နဲ့ 3.5mm Audio Jack တော့ မပါရှိပါဘူး။ အရောင်အနေနဲ့ အနက် ၊ အပြာ ၊ အဖြူ နဲ့ ပန်းရောင်နု ကာလာ ၄ မျိုးနဲ့ ထွက်ပါတယ်။ 

ဒီဖုန်းကို တရုတ်ဈေးကွက်မှာ ယွမ် ၂၄၀၀ (လက်ရှိငွေပေါက်ဈေး မြန်မာ ၁၀ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က