နေမကောင်းဖြစ်နေလို့တဲ့။

နေခြည်ဦးက မေလ(၂၂) ရက်နေ့ ညက ပြုလုပ်တဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကား အထူးပွဲကို မတက်ရောက်နိုင်တဲ့အတွက် သူ့ရဲ့ ပရိသတ်တွေကို တောင်းပန်ထားပါတယ်။ နေခြည်ဦး လာမယ်ထင်ပြီး Chillies တွေက လာဝန်းရံပေးခဲ့ကြတာပါ။

Photo : နေခြည်ဦး



ဧည့်သည်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နေခြည်ဦးက မေလ(၂၂) ရက်နေ့က ပြုလုပ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားအထူးပွဲကို တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ နေမကောင်းဖြစ်နေလို့ ရုပ်ရှင်ဇာတ်ကားအထူးပွဲကို မတက်ရောက်နိုင်ခဲ့တဲ့ နေခြည်ဦးက သူမရဲ့ အပေါင်းအသင်းတွေနဲ့ ပရိသတ်တွေကို တောင်းပန်စကားပြောထားတာတွေ့ရပါတယ်။

“နေခြည် အင်းလေးမှာ day night ကားရိုက်ဝင်ရင်း ရာသီဥတု အပြောင်းအလဲကြောင့် မနေ့ထဲကဖျားသွားတာ ဘယ်လိုမှမထနိုင်လို့ ဒီနေ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီး press show ကို မတက်ရောက်နိုင်တဲ့အတွက် 7th Sense Creation Team ကော သတင်းစာနယ်ဇင်းဆရာများကော press show မှာ လာဝန်းရံပေးကြတဲ့ chillies တွေကိုပါ အနူးအညွန့်တောင်းပန်ပါတယ်နော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၂၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : နေခြည်ဦး

ဆက်လက်ပြီးတော့လည်း မေလ(၃၀) ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ဧည့်သည်”ကားကို အားလုံးဝန်းရံပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။ နေခြည်ဦးက ဇာတ်ကားရုံတင်ရင်လဲ သူမရဲ့ ပရိသတ်တွေနဲ့အတူတူ ကြည့်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

“၃၀ ရက်နေ့ တစ်နိုင်ငံလုံး ရုံတင်ပြသတော့မယ့် "ဧည့်သည်" ကားကို အားလုံးဝိုင်းရံပေးတဲ့ အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်။ chillies တွေနဲ့ တူတူကြည့်ဖို့လဲ နေခြည်တို့ စီစဉ်နေပါတယ်။ မနက်ဖြန်မနက်လဲ shooting ရှိလို့ နေခြည်နားတော့မယ်နော်... i love you chillies so much “ ဆိုပြီး ပြောထားတာပါ။

နေခြည်ဦးက ဧည့်သည် ရုပ်ရှင်ဇာတ်ကားထဲမှာ နှင်းနုဆိုတဲ့ ကောင်မလေး နေရာက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဒီဇာတ်ကားဟာ သူမရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Photo : နေခြည်ဦး

နေခြည်ဦးဟာ လက်ရှိမှာ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးနေတဲ့ အခမ်းအနားဆုံးမေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်လို့နေပါတယ်။ သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေလည်း လုပ်လို့နေပါပြီ။ သူမဟာ ရန်သူ ရုပ်ရှင်ကား၊ ဧည့်သည် ရုပ်ရှင်ကား၊ ကိုယ်ပွား ရုပ်ရှင်ကား၊ အောက်ဖဲမလှန်ကြေးရုပ်ရှင်ကား၊ တို့ကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ ‘’အခမ်းနားဆုံးမေတ္တာ’’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က