ယနေ့ခေတ်ရဲ့ ဒစ်ဂျစ်တယ်နည်းပညာတိုးတက်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေရဲ့ လည်ပတ်ပုံမှာလည်း ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို ဦးတည်လာတာတွေ့ရပါတယ်။ နေ့စဉ် ဘဝမှာ နည်းပညာအပေါ်ကို ပိုပြီးအားထားလာတာနဲ့အမျှ အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်လုပ်တာတွေကို ပိုတွင်ကျယ်လာတာတွေ့ရပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း
ပုံမှန် အပြင်မှာ Physical Store တွေဖွင့်တဲ့အခါ ဆိုင်ခန်းငှားခ၊ ထိန်းသိမ်းခ၊ ဝန်ထမ်းငှားခတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေများတာကြောင့် ငွေအား၊ လူအား သိပ်စိုက်ထုတ်စရာမလိုဘဲ အင်တာနက်လေးရှိရုံ laptop ရှိရုံနဲ့ စတင်လို့ရတဲ့ အွန်လိုင်းမှာ မိမိ လုပ်ငန်းတွေကို ပြောင်းလဲလည်ပတ်လာကြပါတယ်။
အွန်လိုင်းပေါ်ကနေ ဈေးရောင်းတဲ့ အခါ Facebook Page တွေမှာ Post တင်ပြီးရောင်းတာ၊ Live လွှင့်ရောင်းတာ၊ Tik Tok ကနေ ဈေးရောင်းတာတွေအပြင် E-Commerce Platform တွေပေါ်မှာ စတိုးဖွင့်ရောင်းတာတွေ အမျိုးမျိုးရှိပါတယ်။ ဒီလို အွန်လိုင်းဈေးရောင်းပုံ အမျိုးမျိုးတွေထဲကမှ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် မိမိလုပ်ငန်းကို စနစ်တကျ အဆင့်မြှင့်တင်နိုင်ဖို့နဲ့ အခွင့်အလမ်းတွေ အများကြီး ရရှိစေဖို့အတွက် E-Commerce Platform တွေပေါ်မှာ စတင်ရောင်းချဖို့ စဉ်းစားသင့်တဲ့ အချက်လေးတွေကို အောက်ပါအတိုင်း ဆွေးနွေးပေးချင်ပါတယ်။
သန်းပေါင်းများစွာသော Customer များထံသို့ ရောက်ရှိနိုင်ခြင်း
E-Commerce Platform တွေပေါ်မှာ ဈေးတင်ရောင်းခြင်းရဲ့ အားသာချက်တစ်ခုကတော့ ဝယ်ယူသူအများကြီးထံကို ရောက်ရှိနိုင်တာပါပဲ။ ပုံမှန် Physical Store တွေ ဖွင့်ထားတယ်ဆိုရင် မိမိဆိုင်ဖွင့်ထားတဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ဝယ်ယူသူတွေစီကိုပဲ ရောက်ရှိမှာဖြစ်ပါတယ်။ Ecommerce နဲ့ဆိုရင်တော့ ဖုန်းလေးရှိရုံ အင်တာနက်လေးရှိရုံနဲ့ အချိန် နေရာမရွေး ဝင်ရောက်ကြည့်ရှုနိုင်တဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ Customer ပေါင်းများစီကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
ကုန်ကျစရိတ်များလျှော့ချနိုင်ခြင်း
ဈေးဝယ်စင်တာတွေ၊ လူထူထပ်တဲ့နေရာတွေမှာ ဆိုင်ဖွင့်တဲ့အခါ ဆိုင်ခန်းငှားရမ်းခ၊ မီတာခ၊ Decoration ပြင်ဆင်ခ၊ ထိန်းသိမ်းခတွေအပြင် ဝန်ထမ်းလစာအတွက် အပိုကုန်ကျစရိတ်တွေ ရှိနေမှာဖြစ်ပါတယ်။ မိမိ ငှားရမ်းလိုက်တဲ့ ဆိုင်နေရာထိုင်ခင်းအပေါ်မူတည်ပြီး ကုန်ကျစရိတ်ကလည်း ပိုနိုင်ပါသေးတယ်။ Ecommerce နဲ့ဆိုရင်တော့ ဆိုင်ခန်းငှားရမ်းခတွေ ပြုပြင်ထိန်းသိမ်းခတွေ ကုန်ကျစရာမလိုတဲ့အတွက်ကြောင့် အပြင်ဆိုင်ခန်းနှင့် နှိုင်းယှဉ်လိုက်ရင် ရင်းနှီးမြှုပ်နှံရမယ့် စရိတ်တွေအများကြီး သက်သာစေပါတယ်။
ဈေးကွက်အသစ် ချဲ့ထွင်နိုင်ခြင်း
E-Commerce တွေရဲ့ သဘောသဘာဝအရ မရိုးနိုင်တဲ့ လျှော့ဈေးအစီအစဉ်တွေက အချိန်ရာသီအလိုက် ရှိနေတာဖြစ်လို့ မိမိလုပ်ငန်းအနေနဲ့ Promotion Campaign တွေမှာ ပါဝင်ရင်း Customer တွေထံကို ပိုပြီးရောက်ရှိနိုင်ပါတယ်။ တစ်ခါတစ်ရံ E-Commerce တွေဘက်ကနေ ပို့ဆောင်ခ အခမဲ့တွေ၊ လျှော့ဈေးကူပွန်ကုဒ်တွေပါ စီစဉ်ပေးတာဆိုတော့ မိမိ Brand ကိုလည်း ပိုပြီး ရောင်အားတိုးစေတာပေါ့။ ဒါတင်မကဘဲ Promotion Campaign တွေမှာ ပါဝင်တဲ့အခါမှာလည်း မိမိရဲ့ Brand အကြောင်းသိရာကနေတဆင့် ဝယ်ယူချင်တဲ့အထိ ဖြစ်အောင် E-Commerce တွေက ဈေးကွက်ရှာဖွေရေး နည်းဗျူဟာတွေကိုပါ ပံ့ပိုးပေးနေတာဖြစ်တဲ့အတွက် ရှိပြီးသား Customer တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်သလို Customer အသစ်တွေစီကိုပါ ပိုမိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။
အချိန်နှင့်တပြေးညီ ချိတ်ဆက်နိုင်ခြင်း
E-Commerce ကနေ ရောင်းချတဲ့အခါ မိမိစတိုးကို အော်ဒါ တက်တဲ့အခါ ရောင်းချသူထံ ချက်ချင်းဝင်ရောက်လာသလို ပို့ဆောင်မှု အခြေအနေတွေနဲ့ ပတ်သက်တာတွေ၊ ကုန်ပစ္စည်းလဲလှယ်လိုတဲ့အခါ၊ ငွေပြန်အမ်းဖို့ လိုလာတဲ့အခါတွေမှာလည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေ out of stock ဖြစ်နေတဲ့အခါလည်း သက်ဆိုင်ရာ team တွေက ဆက်သွယ်ပေးတာဖြစ်တဲ့အတွက် ပစ္စည်းအချိန်မီဖြည့်နိုင်မယ်။ ပစ္စည်း ပို့ဆောင်တဲ့အခါမှာလည်း E-Commerce တွေက Third Party Delivery မိတ်ဖက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာဖြစ်လို့ ကိုယ်တိုင်ခေါင်းစားစရာမလိုတော့ပါဘူး။
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ E-Commerce ပေါ်မှာ စီးပွားကိုလည်ပတ်ခြင်းကြောင့် ရရှိလာမယ့် အားသာချက်တွေ၊ အကျိုးကျေးဇူးတွေကို သိမြင်သွားပြီလို့ယုံကြည်ပါတယ်။ ဒီတော့ မိမိရဲ့ လုပ်ငန်းကို E-Commerce ပေါ်မှာ စတင်ဖို့ ခြေလှမ်းပြင်နေသူတွေအတွက် ကျွန်တော် လိုက်လေ့လာမိသလောက် ယုံကြည်စိတ်ချရပြီး အခုနောက်ပိုင်းမှာ လူသိများတဲ့ KBZPay Market အကြောင်းကို အနည်းငယ်ပြောပြပေးချင်ပါတယ်။ KBZPay ဆိုရင် လူတိုင်းသိပြီး အသုံးလဲများကြပါတယ်။ KBZPay Market ကတော့ ဒီ KBZPay ထဲမှာရှိနေတဲ့ Online Marketplace တစ်ခုပါပဲ။ KBZPay Market ပေါ်မှာ ရောင်းချမယ်ဆိုရင် KBZPay App ထဲမှာရှိတဲ့ အသုံးပြုသူသန်းပေါင်းများစွာက မိမိရဲ့ Customer Base ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ KBZPay Market မှာ ဈေးရောင်းဖို့ Register စလုပ်တဲ့ အချိန်ကနေစပြီး ဈေးရောင်းဖို့ Ready ဖြစ်တဲ့အထိ လိုအပ်တဲ့ လမ်းညွှန်ချက်တွေကို အခမဲ့ ဝန်ဆောင်မှုပေးတယ်လို့လည်း သိရတာကြောင့် စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း KBZPay Market Facebook Page မှာ အသေးစိတ်ဆက်သွယ်မေးမြန်းလို့ရပါတယ်။
ကျွန်တော် မျှဝေပေးလိုက်တဲ့ အကြောင်းအရာလေးကိုဖတ်ပြီး အားလုံးအတွက်လည်း အကျိုးရှိစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။
Share